ကလေးမြို့ လမ်းလျှောက်သင်္ကြန် ဧရိယာ တိုးချဲ့ကျင်းပရန် စီစဉ်

၂၀၁၉ ခုနှစ် ဧပြီလမှာ ကျင်းပမယ့် မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန် ကလေးမြို့ လမ်းလျှောက်သင်္ကြန်ကို ပြီးခဲ့တဲ့နှစ် လမ်းလျှောက်သင်္ကြန် ဧရိယာထက် နေရာတိုးချဲ့ဖို့ စီစဉ်နေပါတယ်။ ၂၀၁၈ ကလေးမြို့ လမ်းလျှောက်သင်္ကြန်ကို လမ်းလျှောက်ဧရိယာ ပေ ၁၀၀၀ ကျော်သာ ပြုလုပ်ခဲ့ပေမယ့် လာမယ့် ၂၀၁၉ သင်္ကြန်ကိုတော့ လမ်းဆုံကနေ စည်ပင်ရုံးအနီး ဆိပ်ကမ်းသာလမ်းအထိ ပြုလုပ်ဖို့ လျာထားပြီး ခန့်မှန်းကုန်ကျငွေ သိန်း ၁၀၀ ကျော် အသုံးပြုသွားမယ်လို့ သိရပါတယ်။ ကလေးမြို့ လမ်းလျှောက်သင်္ကြန်ကို ၂၀၁၈ ခုနှစ်မှာ စတင်ခဲ့ပြီး အခုနှစ်ဟာ ဒုတိယအကြိမ် ကျင်းပမှာပါ။ ကလေးမြို့ ဗဟိုမဏ္ဍပ်ကိုတော့ အခုနှစ်မှာ နေရာပြောင်းပြီး လမ်းလျှောက်သင်္ကြန် ဧရိယာထဲကို ထည့်သွင်း တည်ဆောက်သွားမယ်လို့လည်း သိရပါတယ်။ သင်္ကြန်ကော်မတီဖွဲ့ရေးနဲ့ အသေးစိတ်စီမံချက်တွေကိုတော့ လာမယ့် တနင်္လာနေ့မှာ အစီအစဉ်ဆွဲ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ မင်းရဲစစ်နိုင်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up