Home
မြန်မာသတင်း
သာယာဝတီထောင်သို့ ထောင်ဝင်စာလာပို့သူထံမှ မူးယစ်ဆေးဝါးများ ဖမ်းမိ
DVB
·
March 8, 2019
ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် သာယာဝတီ အကျဉ်းထောင်အတွင်း ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားအား ထောင်ဝင်စာလာပို့သူထံကနေ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးမိခဲ့ပါတယ်။ မတ် ၇ ရက်နေ့က သာယာဝတီအကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံနေရတဲ့ ကျော်ဇင်ဟိန်း (ခ) သံဆူး ဆီသို့ ထောင်ဝင်စာလာရောက်တွေ့ဆုံသူ ဒေါ်ဝင်းရွှေအား တာဝန်ကျ အကျဉ်းထောင်ဝန်ထမ်း ဒုတပ်ကြပ် နွေးနွေးအိက တာဝန်အရ ရှာဖွေရာကနေ wy စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၃၈၄ ပြားအား တွေ့ရှိခဲ့တာလို့ သာယာဝတီအကျဉ်းထောင် တာဝန်ရှိသူတဦးထံက သိရပါတယ်။ ဒေါ်ဝင်းရွှေနဲ့ အဖော်လိုက်ပါလာတဲ့ မျိုးကြည်အား အရေးယူပေးဖို့ သာယာဝတီအကျဉ်းဦးစီးအရာရှိရဲ့ တိုင်ကြားချက်အရ သာယာဝတီမြို့နယ်ရဲတပ်ဖွဲ့က မူး/စိတ်ပုဒ်မ ၁၉က /၂၁ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ဆိုပါတယ်။ ကွင်းဆက်တရားခံတွေ ဆက်လက်ဖမ်းဆီးရရှိရေးနဲ့ အကျဉ်းသား ကျော်ဇင်ဟိန်း (ခ) သံဆူးအား ဆက်လက်စစ်ဆေးဖို့ အကျဉ်းထောင်တာဝန်ကျဝန်ထမ်းတွေနဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သာယာဝတီအကျဉ်းထောင်မှာ ၂၀၁၉ ခုနှစ်အတွင်း အခုတကြိမ်ပါ  ၃ ကြိမ်မြောက်ဖမ်းမိတာပါ။ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်က ထောင်ကျအကျဉ်းသားတွေရဲ့ စအိုအတွင်းက တရက်တည်း ၂ ကြိမ် ဖမ်းဆီးရမိခဲ့ဖူးပါတယ်။ သတင်း ဝဏ္ဏထွန်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024