Home
မြန်မာသတင်း
မူးယစ်ဆေးဝါးမူဝါဒနှင့် မူးယစ်ဆေးဝါးဥပဒေ လိုက်လျောညီထွေမှုရှိမရှိ ဆန်းစစ်ရန် လိုအပ်နေ
DVB
·
March 7, 2019
မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒကိုအကောင်အထည်ဖော်တဲ့အခါ ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ မူးယစ်ဆေးဝါးဥပဒေက အထောက်အပံ့ဖြစ်မဖြစ် ဆွေးနွေးပွဲကို မတ်လ ၇ရက်က ရန်ကုန်မြို့ Summit Parkview ဟိုတယ်မှာ ပြုလုပ်ပါတယ်။ အစိုးရရဲ့ မူးယစ်ဆေးဝါးမူဝါဒနဲ့ မူးယစ်ဆေးဝါးဥပဒေတွေဟာ လိုက်လျောညီထွေမှုရှိမရှိ ဆန်းစစ်ဖို့ လိုအပ်နေပြီး ၁၉၉၃ မူးယစ်ဆေးဝါးဥပဒေရဲ့ ပုဒ်မ ၁၅ အရ ဆေးသုံးသူတွေကို အပြစ်ပေးအရေးယူတာ ပယ်ဖျက်လိုက်ပေမယ့်လည်း ပြစ်ဒဏ်တွေက ပြင်းထန်နေဆဲရှိနေတာကို တွေ့ရတယ်လို့  ဆွေးနွေးပွဲတက်ရောက်တဲ့ ဒေါက်တာထွေးကြူက ပြောပါတယ်။ မူးယစ်ဆေးသုံးစွဲသူတွေကို ပြစ်မှုပြစ်ဒဏ်အစား လူမှုရေးပြစ်ဒဏ်တွေကို ပြောင်းလဲလိုက်ရင် သုံးစွဲသူပိုများလာမလားဆိုပြီး စိုးရိမ်မှုတွေလည်းရှိတယ်လို့ အရပ်ဖက် အဖွဲ့အစည်းတွေက ဆွေးနွေးပါတယ်။ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကိုပြင်ဆင်တဲ့ ဥပဒေကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၄ရက် နေ့စွဲနဲ့ ပြဋ္ဌာန်းထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒကိုလည်း နိုင်ငံတော်အနေနဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024