Home
မြန်မာသတင်း
အ​ခြေခံဥပ​ဒေပြင်​ဆင်​​ရေး ​ညောင်​တုန်းမြို့ခံများ ဆန္ဒ​ပြ
DVB
·
March 5, 2019
53926417_374240429838559_7997374537039609856_n
53652028_374240676505201_2850584384359104512_n
53593432_374240599838542_4032251061401026560_n
53548621_374240643171871_8090702694617972736_n
53200998_374240463171889_2208028934388318208_n
53186716_374240393171896_9070561438380064768_n
ဧရာဝတီတိုင်း​ဒေသကြီး ​ညောင်​တုန်းမြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေ ပြင်​ဆင်​​ရေး​ လူထု​ထောက်​ခံ ဆန္ဒ​ဖော်​ထုတ်​ပွဲကို ကျင်းပရာမှာ ထောင်နဲ့ချီတဲ့မြို့ခံတွေ ပါဝင် ဆန္ဒပြခဲ့ကြ ပါတယ်​။ ဆန္ဒ​ဖော်​ထုတ်​ပွဲမှာ​ ပန်းရဲ့လမ်းအဖွဲ့က​နေ ​တေးသီချင်းတွေကို ​ဖျော်​​ဖြေခဲ့ကြပြီး မြို့ခံ​တွေက ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေပြင်​ဆင်​ဖို့ ​ဟော​ပြောခဲ့ပြီး မြို့အနှံ စီတန်း လှည့်လည်ခဲ့ကြပါတယ်​။ ဧရာဝတီတိုင်း​ဒေသကြီးလွှတ်​​တော်​ ​ညောင်​တုန်းမြို့နယ်​ ကိုယ်​စားလှယ်​ ​ဒေါ်နီနီမိုး က​ "မြို့ခံ​တွေရဲ့သ​ဘောထားက​တော့ အခြေခံဥပ​ဒေဆိုတာက ပြည်​သူလူထုက​နေ ​ရွေးချယ်​ တင်​​မြောက်​ထားတဲ့ သူ​တွေကပဲ ​ရွေးခွင့်​ရှိတယ်​​ပေါ့။ ဖွဲ့စည်းပုံကို နဂိုတုန်းက ၂၀၀၈ အ​ခြေခံဥပ​ဒေကို အတည်​ပြုဖို့ တအိမ်​တက်​ဆင်း မ​ပေးမ​နေရ မဲ​ပေးရမယ်​၊ မ​ပေးရင်​ ဖမ်းမယ်​ဆိုလို့ မဲသွား​ပေးခဲ့ရတဲ့လူကြီး​တွေလည်းပါတယ်​။ သူတို့​တွေက ဥပ​ဒေကို လွှတ်​​တော်​ကိုယ်​စားလှယ်​​တွေက ​ရေးခွင့်​မရခဲ့လို့ ကန့်ကွက်​တယ်​ ဆိုပြီး လာကြတာ​ပေါ့"လို့ ပြောပါတယ်​။ လူထု​ထောက်​ခံပွဲကို ​ညောင်​တုန်းမြို့မိမြို့ဖ​တွေနဲ့ လူမှုရေးအဖွဲ့​တွေ စု​ပေါင်းပြုလုပ်​ခဲ့တာ ဖြစ်​ပြီး ညောင်​တုန်းမြို့ခံ ၄၀၀၀ နီးပါးက၂၀၀၈ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေပြင်​ဆင်​​ရေး​ ​ထောက်​ခံ​ကြောင်း ဆန္ဒပြုလက်​မှတ်​​ရေးထိုးခဲ့ပါတယ်​။ မြမင်းဦး(ပုသိမ်​)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024