Home
မြန်မာသတင်း
မသန်စွမ်းများအတွက် အတားအဆီးကင်းစင် ရန်ကုန်တခွင် ကမ်ပိန်း ပြုလုပ်
DVB
·
February 28, 2019
52933336_1473987826066075_236045685986689024_n
52871868_1473987806066077_5693465405570416640_n
53348925_1473987886066069_232794030671396864_n
မသန်စွမ်းပုဂ္ဂိုလ်တွေ လမ်းခရီးသွားလာမှုလွယ်ကူအဆင်ပြေစေဖို့ ရည်ရွယ်ပြီး အတားဆီးကင်းစင် ရန်ကုန်တခွင် ကမ်ပိန်းလှုပ်ရှားမှုကို သခင်မြပန်းခြံထဲမှာပြုလုပ်နေပါတယ်။ မသန်းစွမ်းသူ ၅၀ ကျော်နဲ့ စေတနာ့ဝန်ထမ်းချို့ပူးပေါင်းပါဝင်တဲ့ ဒီကမ်ပိန်းလှုပ်ရှားမှုမှာ အများပြည်သူတွေကို လက်ကမ်းစာစောင်ဝေတာ၊ မသန်စွမ်းသူတွေကနေ တေးသီချင်းတွေနဲ့ ဖျော်ဖြေတာ၊ မသန်းစွမ်းတွေအပေါ် သန်းစွမ်းသူတွေက မြင်တဲ့အမြင်တွေကို စစ်တမ်းကောက် တာတွေ လုပ်ခဲ့ပါတယ်။ ရန်ကုန်မှာ မသန်စွမ်းသူတွေ ၂ သိန်းခွဲလောက် နေထိုင်နေကြတာဖြစ်ပြီး သူတို့တွေ အတွက် သွားရေးလာရေးအဆင်ပြေအောင် လုပ်ဆောင်ပေးဖို့ လိုပ်နေတာပါ။ အားလုံးအတွက်အဆင်ပြေတဲ့ မြို့တော် Universal Design ဖြစ်ဖို့ဆိုတာကို မျှော်မှန်းပြီး ဒီကမ်ပိန်းကို လုပ်တာဖြစ်တယ်လို့ မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့က ပြောပါတယ်။ ရန်ကုန်မှာ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ မသန်စွမ်းသူတွေ အတွက် Universal Design ကို လုပ်ပေးထားတာ နည်းပါးနေသေးပြီး မသန်စွမ်းသူတွေအတွက် စဉ်းစားကာ ပြေးဆွဲနေတဲ့ YBS 21 ပေါ်လာတာဟာ အဆင်ပြေပေမယ့် ပြေးဆွဲနေတဲ့အစီးရေ များလာစေဖို့ မသန်းစွမ်းသူတွေက မျှော်မှန်းထား ပါတယ်။ သတင်း -မေစု
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024