Home
မြန်မာသတင်း
မန္တ​လေး မဟာ​အောင်​​မြေမြို့နယ်တွင် နေအိမ်​ ၁ လုံးမီး​လောင်
Aung Aung Naing
·
February 26, 2019
53290994_261247001432465_7548253680957390848_n
53167502_261247281432437_2914082765706100736_n
53155835_261247348099097_1533262007086612480_n
53077649_261247131432452_5115065338093895680_n
52941802_261246781432487_2100239420060860416_n
52983073_261246921432473_1371296140359630848_n
52977027_261247224765776_3744353463610376192_n
52956382_261246971432468_643001894641336320_n
52732949_261246868099145_7771798387887702016_n
မန္တ​လေးမြို့၊ မဟာ​အောင်​​မြေမြို့နယ်​ မဟာအ​နောက်​ အကွက်​ ၅၁၅ ​ညောင်​ပင်​သာရပ်​မှာ ဒီကနေ့  လူနေအိမ်တလုံး မီးလောင်ပျက်စီးသွားပါတယ်​။ အိမ်​ရှင်​ဖြစ်​သူ​ ဒေါ်ချိုက “ကျမက ဒီ​နေ့အိမ်​မှာမရှိဘူး အလှူသွား​နေတာ။ အိမ်​ကို​တော့ ပိတ်​ထားခဲ့တယ်​။ ကျမအိမ်​ မီး​လောင်​တယ်​လို့ ​ကြားတာနဲ့ အခုမှပြန်​လာခဲ့ရတာ အိမ်​​အောက်​ထပ်​ ​တော့ မီး​လောင်​ခဲ့တယ်​။ အဝတ်​အစားနည်းနည်းနဲ့ အိမ်​သုံး​ဆောင်​​တွေ​လောက်​ပဲ ​လောင်​သွားတယ်”​လို့​ ​ပြောပါတယ်​။ မီး​လောင်​ရာကို အဆင့် ၁ သတ်​မှတ်​ပြီး မီးသတ်​ကား ၁၀ စီး အရန်​မီးသတ်​ ၂၀ သ​န္ဓေ ၃၅ ​ရောက်​နဲ့အတူ မန္တ​လေးခရိုင်​မီးသတ်​တပ်​ဖွဲ့နဲ့  ရပ်​ကွက်နေ ပြည်​သူတွေက ဝိုင်းဝန်း မီးငြှိမ်း သတ်​ခဲ့ကြပါတယ်​။ ​ငွေကျပ်​ ၂ သိန်း​ကျော်​ဖိုးဆုံးရှုံးခဲ့တဲ့ မီးစတင်​​လောင်​ခဲ့တဲ့ အိမ်​ရှင်​ ဒေါ်ချိုကို မီး​ပေါ်ဆမှု ပုဒ်​မ ၂၈၅ နဲ့ အမှတ်​ ၇ နယ်​​မြေရဲစခန်းမှာ အမူဖွင့်အ​ရေးယူထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024