Home
အနုပညာ
ဇာနည် Coach အဖြစ်ပါဝင်မည့် The Voice Myanmar သီချင်းဆိုပြိုင်ပွဲ ထုတ်လွှင့်ပြသမည်
DVB
·
February 22, 2019
မနှစ်က ပရိသတ်အားပေးမှု အခိုင်အမာရရှိခဲ့တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲရဲ့ Season 2 ကို လာမယ့် ဖေဖော်ဝါရီ ၂၄ ရက်နေ့ စတင်ထုတ်လွှင့်ပြသတော့မှာ ဖြစ်ပါတယ်။ အခုနှစ်မှာတော့ Coach တွေထဲမှာ အဆိုတော်တွေဖြစ်ကြတဲ့ ရန်ရန်ချန်း၊ ကျားပေါက်၊ နီနီခင်ဇော်တို့နဲ့အတူ နာမည်ကြီး အဆိုတော်တဦးဖြစ်တဲ့ R. ဇာနည်လည်း ပါဝင်လာခဲ့ပြီး မနှစ်က Coach တဦးဖြစ်တဲ့ အဆိုတော်လင်းလင်းကတော့ မပါဝင်တော့ပါဘူး။ ဒီပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်တွေအသီးသီးကို ရွေးချယ်ခဲ့ပြီးဖြစ်ကာ သူတို့ရဲ့ ယှဉ် ပြိုင်မှုအဆင့်ဆင့်ကို MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။ ပရိသတ်စိတ်ဝင်စားအားပေးမှု များခဲ့တဲ့ ဒီပြိုင်ပွဲဟာ နိုင်ငံတကာမှာလည်း ပရိ သတ်သန်းချီရှိနေတဲ့ The Voice သီချင်းဆိုပြိုင်ပွဲရဲ့ တရားဝင်အသိအမှတ်ပြုမှုနဲ့ ကျင်းပနေတာပါ။ ဒီပြိုင်ပွဲမှာတော့ Blind Auditions, Battle Rounds, Knock Out Rounds နဲ့ နောက်ဆုံးအဆင့် Live Shows ဆိုပြီး အပိုင်းလေးပိုင်းခွဲကာ အကြိတ်အနယ်ယှဉ်ပြိုင်ကြ ရတာ ဖြစ်ပါတယ်။ မနှစ်က ကျင်းပပြုလုပ်ခဲ့တဲ့ Season 1 မှာတော့ Coach လင်းလင်းရဲ့ အဖွဲ့မှ ပြိုင် ပွဲဝင် ငွေစိုးက Winner ဆုကို ရရှိခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024