မြန်မာ့သနပ်ခါးနေ့ပွဲ ပခုက္ကူခရိုင် ရှင်မတောင်သနပ်ခါးထွက်ရာဒေသတွင်ကျင်းပ
မြင့်နိုင်
·
February 19, 2019
ဖေဖော်ဝါရီ ၁၉ ရက် တပို့တွဲလပြည့်နေ့မှာ မြန်မာ့သနပ်ခါးနေ့ အထိမ်းအမှတ်ပွဲကို ပခုက္ကူခရိုင် မြိုင်မြို့ နံ့သာမြိုင်ခန်းမမှာ ကျင်းပပါတယ်။
ရှင်မတောင်သနပ်ခါးအရောင်းအ၀ယ် မြင့်တက်ဖို့၊ မြန်မာမိန်းကလေးတွေ ယဉ်ကျေးမှု အမွေချစ်မြတ်နိုးတတ်စေဖို့စတဲ့ ရည်ရွယ်ချက်တွေနဲ့ သနပ်ခါးစိုက်ပျိုးထုတ်လုပ်သူများအသင်းက ဦးစီး ကျင်းပတာဖြစ်ပါတယ်။
ပခုက္ကူခရိုင်မြိုင်မြို့နယ်မှာ ရောင်းတန်းဝင် သနပ်ခါး ဧက ၄၀၀၀၀ ကျော်ရှိပြီး သဘာဝအခင်းတွေအပါအဝင် စိုက်ပျိုးထားတဲ့ သနပ်ခါးဧပေါင်းက ၈၀၀၀၀ ကျော်ရှိတယ်လို့ သနပ်ခါးစိုက်ပျိုးထုတ်လုပ်သူများအသင်းက သိရပါတယ်။