Home
မြန်မာသတင်း
၂၀၂၁ ခုနှစ်တွင် နိုင်ငံတ၀န်းရှိ အိမ်ထောင်စုထက်ဝက်ကျော် လျှပ်စစ်မီးရအောင် လုပ်ဆောင်နေ
DVB
·
February 18, 2019
52891160_1936486453145878_7016140905526591488_o
၂၀၂၁ ခုနှစ်မှာ မြန်မာတနိုင်ငံလုံးရှိ အိမ်ထောင်စုအားလုံးရဲ့ ၅၅ ရာခိုင်နှုန်းခန့်  လျှပ်စစ်ဓာတ်အားရရှိဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောပါတယ်။ ဖေဖော်ဝါရီ ၁၇ ရက်က ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ ဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနားမှာ ပြောခဲ့တာဖြစ်ပြီး လက်ရှိမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အိမ်ထောင်စု ၃၄ ရာခိုင်နှုန်းကိုပဲ မီးပေးနိုင်သေးတာ ဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က “၂၀၂၁ ခုနှစ်၊ မတ်လမှာ တနိုင်ငံလုံးရှိ အိမ်ထောင်စုအားလုံးရဲ့ ၅၅ ရာခိုင်နှုန်းလောက်ကို နိုင်ငံတော်ဓာတ်အားစနစ်ကနေ လျှပ်စစ်ဓာတ်အားရရှိဖို့  စီစဉ်ဆောင်ရွက် နေတယ်”လို့ ပြောခဲ့တာပါ။ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ ၂၀၃၀ ခုနှစ်မှာ မြန်မာနိုင်ငံအတွင်း ဒေသအားလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိစေဖို့အတွက် ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၃၁၀ နဲ့ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း အန်အယ်လ်ဒီ အစိုးရသက်တမ်း တနှစ်ပြည့်တဲ့ ၂၀၁၇ မတ်လတုန်းက အစိုးရအနေနဲ့ အခုကစပြီး အလုပ်အကိုင်ဖန်တီးရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ တန်းတူ လျှပ်စစ်မီးရရှိရေးကို အဓိကထား လုပ်ဆောင်သွားမယ်လို့ ပြောခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024