Home
မြန်မာသတင်း
မ​ကွေးခရိုင်​တွင် စားသုံးရန်မသင့်သည့်ပစ္စည်း ကျပ်​ ၉ သိန်း​ကျော်​ဖိုး သိမ်းဆည်းရမိ
DVB
·
January 25, 2019
မကွေးတိုင်းဒေသကြီး၊ မ​ကွေးခရိုင်​ထဲမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်​အတွင်း အများပြည်သူ စားသုံးဖို့မသင့်တဲ့ ပစ္စည်း ကျပ်​ ၉၀၀၀၀၀​ ကျော်​ဖိုး သိမ်းဆည်းရမိခဲ့တယ်လို့ ခရိုင် စားသုံးသူ​ရေးရာဦးစီးဌာနက သိရပါတယ်။ မ​ကွေးခရိုင်​အတွင်း ပြီးခဲ့တဲ့၂၀၁၈ခုနှစ်​က ၅၈ ကြိမ်​ကွင်းဆင်းစစ်​​ဆေးခဲ့ရာ စားသုံးဖို့ မသင့်တဲ့ ပစ္စည်းအမျိုးအစား ၂၇၀​ကျော်​နဲ့ အ​ရေအတွက်​ ၁၆၀၀​ကျော်​ ကာလတန်​ဖိုး ကျပ်​၉၀၀၀၀၀ ​ကျော်​ဖိုး သိမ်းဆည်းရမိခဲ့တာလို့ စားသုံးသူ​ရေးရာဦးစီးဌာန ခရိုင်​ဦးစီးမှူး ​ဒေါ်တင်​တင်​လှက ဒီဗွီဘီကို ပြောပါတယ်။ “စားသုံးသူ ပြည်​သူ​တွေကို အကြိမ်​​ရေ ၂၀၀  လောက် အသိ​ပညာ​ပေး​ ဟော​ပြောခဲ့ပြီး မိုဘိုင်းပြခန်းနဲ့ ပိုစတာ​တွေစိုက်​ထူခဲ့ပါတယ်​။ လုပ်​ငန်းရှင်​​တွေနဲ့​တွေ့ဆုံပြီး ပညာ​ပေး​ ဟော​ပြော​ဆောင်​ရွက်​ခဲ့ပြီး မလိုက်နာတဲ့ လုပ်​ငန်းရှင်​​တွေကို စားသုံးသူအကာကွယ်​​ပေး​ရေး ဥပ​ဒေနဲ့ အ​ရေးယူ​ဆောင်​ရွက်​သွားမယ်” အဆိုပါသိမ်းဆည်းရမိတဲ့ ပစ္စည်း​တွေကို မ​ကွေးမြို့ အ.ထ.က(၁)နဲ့ အ.ထ.က (၃) တို့​မှာ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ရှေ့မှောက် မြေမြှုပ်​ဖျက်​ဆီးခဲ့သလို ရေနံ​ချောင်းမြို့မှာလည်း မီးရှို့ ဖျက်​ဆီးခဲ့တယ်​လို့ မ​ကွေးခရိုင်​ စားသုံးသူ​ရေးရာ ဦးစီးဌာနက သိရပါတယ်​။   သတင်း-မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024