Home
မြန်မာသတင်း
ရန်ကုန်မိုးပျံလမ်းစီမံကိန်းကို အတွင်းပတ်လမ်းနှင့် အပြင်ပတ်လမ်း၂ မျိုး တည်ဆောက်မည်
အာကာ
·
January 17, 2019
ရန်ကုန်မြို့ မိုးပျံလမ်းစီမံကိန်းကိုအတွင်းပတ်လမ်းနဲ့ အပြင်ပတ်လမ်းဆိုပြီး နှစ်မျိုး  တည်ဆောက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။ ရန်ကုန်မြို့၊ Sky Star ဟိုတယ်မှာ မနေ့က  ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA)ရဲ့ ၂ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှာ အခုလို ပြောသွားတာပါ။ ဝန်ကြီးချုပ်က “အတွင်းပတ်လမ်း၊ အပြင်ပတ်လမ်းဆိုပြီး နှစ်မျိုးဆောက်ဖို့ ရှိပါတယ်။ ဒါဟာ လွှတ်တော်က အတည်ပြုထားတဲ့ JICA က ၂၀၄၀ Master Planမှာ ပါဝင်ပြီး ဖြစ်ပါတယ်။ အတွင်းပတ်လမ်းအတွက် International Finance Corporation (IFC)က တင်ဒါခေါ်ယူထားပြီး ကုမ္ပဏီ၁၀ခုကို စကာတင်ရွေးချယ်ထားပါတယ်။ အပြင်ပတ်လမ်းအတွက်ကိုလည်း စိတ်ဝင်စားသူတွေကို တင်ဒါ ခေါ်ယူဖို့ ရှိပါတယ်။” လို့ပြောပါတယ်။ ရန်ကုန်မိုးပျံအမြန်လမ်းမကြီးဟာ ၄၇.၅ကီလိုမီတာ အရှည် ရှိမှာဖြစ်ပြီး ၄လမ်းသွား အမျိုးအစားဖြစ်ပါတယ်။ PPP စနစ်နဲ့ အကောင်အထည်ဖော်မယ့် ဒီစီမံကိန်းဟာ ရန်ကုန်မြို့တွင်း၊ ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန်လေဆိပ်နဲ့ ရန်ကုန်-မန္တလေးအမြန်လမ်းတို့ကို ဆက်သွယ်သွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ရန်ကုန်မိုးပျံအမြန်လမ်း Yangon levated Expressway စီမံကိန်းအတွက် ဘဏ္ဍာရေး အကြံပေးဝန်ဆောင်မှုတွေ ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ် (Financial Advisory Services Agreement (FASA) ကိုဆောက်လုပ်ရေး ၀န်ကြီးဌာနနဲ့ International Finance Corporation (IFC)တို့ ၂၀၁၈ ဇန်န၀ါရီလက လက်မှတ်ရေးထိုးခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024