ကွန်ဂိုသမ္မတရွေးကောက်ပွဲ မဲရလဒ်ကြေညာမှု နှောင့်နှေးနေ

ကွန်ဂိုသမ္မတရွေးကောက်ပွဲ ကနဦး မဲရလဒ်တွေ နှောင့်နှေးနေရတာဟာ မဲစာရင်း လက်ခံရတာနည်းလို့ ဖြစ်တယ်လို့ ရွေးကောက်ပွဲကော်မရှင် CENI က သမ္မတလောင်း ကိုယ်စားလှယ်တွေကို ဇန်နဝါရီ ၂ ရက်နေ့က ပြောလိုက်ပါတယ်။ မဲရေတွက်တဲ့ ဌာနတွေဟာ ခုချိန်ထိ မဲစာရင်း ၁၇ ရာခိုင်နှုန်းကိုသာ လက်ခံရရှိသေးတယ်လို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ကော်နယ်လီ နန်ဂါးက ပြောကြောင်း ဒေသ သတင်းရင်းမြစ် ၃ ခုက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ အာဖရိကသမဂ္ဂက ရွေးကောက်ပွဲစောင့်ကြည့်ရေး မစ်ရှင်နဲ့ သမ္မတလောင်း ကိုယ်စားလှယ်တွေရဲ့ အစည်းအဝေးအတွင်း ခုလို ကြေညာချက် ထုတ်ပြန်လိုက်တာပါ။ UDPS ပါတီခေါင်းဆောင် ဖေးလစ်ခ် ဆီဆေကေဒီရဲ့ မဲဆွယ်မှုဒါရိုက်တာက မဲတွေ မဲရေတွက်ရုံဆီပို့တာ နှေးကွေးနေလို့ မဲရလဒ် ကြေညာမှု နှောင့်နှေ်းနေလိမ့်မယ်လို့ ပြောပါတယ်။ မြို့တော် ကင်ရှာဆာက မဲရေတွက်ရေးဌာန အနည်းဆုံး ၂ ခုမှာ ဇန်နဝါရီ ၂ ရက်နေ့ မနက်ပိုင်းထိ မဲရေတွက်မှု မစနိုင်သေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up