ဘိုင်ယန်မြူးနစ်တွင် နည်းပြလုပ်ချင်ဟု အာစင်ဝင်းဂါး ပြော

အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးအနေနဲ့ လာမယ့် ၂၀၁၉ ရာသီအစမှာ နည်းပြဘဝကို ပြန်လည်ခြေချတော့မယ်လို့ သိရပြီး ဂျာမန် ဘွန်ဒက်စ်လီဂါကလပ် ဘိုင်ယန်မြူးနစ်အသင်းမှာ နည်းပြလုပ်ချင်တယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ အာစင်ဝင်းဂါးရဲ့ ပြောကြားချက်အရ အခုနှစ် ဘွန်ဒက်စ်လီဂါမှာ ရလဒ်တွေ ဆိုးရွားနေပြီး ၁၂ ပွဲ ကစားပြီးချိန်မှာ အဆင့် ၅ နေရာထိ ရောက်ရှိနေတဲ့ ဘိုင်ယန်မြူးနစ်အသင်းအတွက် နည်းပြအသစ် အပြောင်းအလဲ ဖြစ်ပေါ်လာဖွယ် ရှိနေပါတယ်။ လက်ရှိနည်းပြ ကိုဗက်ဟာ ဘိုင်ယန်မြူးနစ်အသင်း ရလဒ်တွေ ကောင်းမွန်လာရေးအတွက် ရုန်းကန်နေရတဲ့အတွက် အသင်းကလည်း အာစင်ဝင်းဂါးကို နည်းပြသစ်အဖြစ် ပြောင်းလဲ တာဝန်ယူစေလိုနေတာပါ။ အာစင်ဝင်းဂါးဟာ အသက် ၆၉ နှစ်အရွယ် ရှိနေပေမယ့်လည်း ဂျာမန်စကား အထူးကျွမ်းကျင်တာနဲ့ ကျန်းမာရေး ကောင်းမွန်နေသေးတာကြောင့် နည်းပြဖြစ်လာဖို့ အခြေအနေ ကောင်းနေခဲ့တာပါ။ အာစင်ဝင်းဂါးဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ နည်းပြတာဝန်အပြင် ပီအက်စ်ဂျီ အသင်းအတွက် နည်းစနစ်ဒါရိုက်တာ ဖြစ်လာဖို့လည်း ရေပန်းစားနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up