ဒေါက်တာနိုင်အောင်နှင့်အဖွဲ့ ရန်ကုန်ရောက်ရှိ (ဓာတ်ပုံ)
DVB
·
August 31, 2012

ဒေါက်တာနိုင်အောင်၊ ဦးညိုအုန်းမြင့်နဲ့ ဒေါက်တာ သောင်းထွန်းတို့ ဒီနေ့ နေ့လယ် ၂ နာရီလောက်မှာ ရန်ကုန်မြို့ကို ရောက်ရှိခဲ့ကြပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ ဒေါက်တာနိုင်အောင်က “ကျနော်တို့နိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းနေတဲ့ အချိန်ဖြစ်တဲ့အတွက်ကြောင့် အစိုးရနဲ့ မတူညီတဲ့ သဘောထားတွေ ထုတ်ဖော်ပြောဆိုတာကြောင့်မို့လို့ ပြည်ပမှာရှိတဲ့ ဘယ်သူတဦးတယောက်ကိုမှ အမည်းရောင်စာရင်းထဲမှာ ထပ်မရှိသင့်တော့ပါဘူး။ အကျဉ်းထောင်တွေထဲမှာ ရောက်နေတာလည်း မရှိသင့်တော့ဘူး”လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/return home/]