Home
မြန်မာသတင်း
အခြေခံပညာကျောင်းများတွင် ရေအိမ်သာ ရာနှုန်းပြည့် အသုံးမပြုနိုင်သေး
အောင်ကိုကိုလတ် (နေပြည်တော်)
·
November 19, 2018
မြန်မာနိုင်ငံရှိ အခြေခံပညာကျောင်းတွေမှာ ရေအိမ်သာလုံလောက်မှု ရာနှုန်းပြည့်မီအောင် ဆောင်ရွက်နေပေမယ့် လက်ရှိမှာ ၆၅ ရာခိုင်နှုန်းသာ ပြည့်မှီသေးတယ်လို့ ပညာရေးဝန်ကြီးက ပြောပါတယ်။ ဒီကနေ့ နိုဝင်ဘာ ၁၉ ရက်က နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ ၂ မှာ ကျင်းပတဲ့ ကမ္ဘာ့ရေအိမ်များနေ့ အခမ်းအနားမှာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောသွားတာပါ။ ကမ္ဘာ့ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်တွေမှာတော့ ကမ္ဘာ့ပေါ်က လူဦးရေ ၄ ဒသမ ၅ ဘီလီယံလောက်ဟာ ရေအိမ်သုံးစွဲနိုင်မှုမရှိသေးဘူးလို့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာတော့ ၂၀၁၄ ခုနှစ် သန်းခေါင်းစာရင်းအရ နဲ့ ယင်လုံအိမ်သာ အသုံးပြုတဲ့ အိမ်ထောင်စုလူဦးရေဟာ ၇၂ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး နိုင်ငံလူဦးရေရဲ့ လေးပုံတစ်ပုံကတော့ ရေအိမ်သာသုံးစွဲဖို့ လိုအပ်နေတယ်လို့လဲ သိရပါတယ်။ လက်ရှိ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ အခြေခံပညာကျောင်းတွေမှာ ကျောင်းသားကျောင်းသူ ၅၀ ဦးမှာ အိမ်သာ ၁လုံးနှုန်းသာ သုံးစွဲနေရတယ်လို့ ဆိုပါတယ်။ ဒီနှစ် ကျင်းပတဲ့ ကမ္ဘာ့ရေအိမ်များနေ့ ဆောင်ပုဒ်ကတော့ ‘သဘာဝတရားလှပဖို့ ရေအိမ်သာ ဆောက်လုပ်သုံးကြပါစို့’ ပဲ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024