ရီးရဲလ်နည်းပြ လိုပက်တီဂူကို ထုတ်ပယ်ပြီး ကွန်တီဖြင့် အစားထိုးမည်ဟု သတင်းထွက်

ရီးရဲလ်မက်ဒရစ်အသင်းဟာ နည်းပြ လိုပက်တီဂူကို ထုတ်ပယ်ပြီး ကွန်တီကို အစားထိုး ခန့်အပ်တော့မယ်လို့ သိရပါတယ်။ မနေ့ကယှဉ်ပြိုင်ခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်မှာ ရီးရဲလ်ဟာ ပြိုင်ဘက် ဘာစီလိုနာအသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ အရှက်တကွဲ အရေးနိမ့်ခဲ့တာကြောင့် နည်းပြ လိုပက်တီဂူကို ထုတ်ပယ်ဖို့ ပိုပြီး သေချာလာတာလို့ ဆိုပါတယ်။ ရီးရဲလ်အသင်းဟာ ရလဒ်တွေ ဆိုးရွားနေတာကြောင့် ဘာစီလိုနာနဲ့ပွဲ မတိုင်ခင်ကတည်းက နည်းပြအပြောင်းအလဲပြုလုပ်ဖို့ သတင်းတွေ ထွက်ပေါ်နေတာပါ။ လက်ရှိအချိန်မှာတော့ ချဲလ်ဆီးနည်းပြ ကွန်တီကို ခန့်အပ်ဖို့အတွက် ချိတ်ဆက်နေပြီး လိုပက်တီဂူကို ရာထူးကနေ ထုတ်ပယ်ဖို့အတွက်လည်း မကြာခင် သတင်းထုတ်ပြန်ဖို့ ရှိနေတယ်လို့ ဆိုပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ လာလီဂါပွဲစဉ် ၁၀ ပွဲကစားအပြီး ၄ ပွဲရှုံး ၂ ပွဲသရေကျထားလို့ အဆင့် ၉ နေရာမှာ ရောက်ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up