ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာ
ဇော်ဇော်လှိုင်
·
October 10, 2018
(၁၀) ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့တဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ မနက် ၉ နာရီ ၂၀ မိနစ်က ဂျပန်နိုင်ငံ ကနေ မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာလာခဲ့ပါတယ်။
တိုကျိုမြို့ရှိ New Otani ဟိုတယ်ကနေ ထွက်ခွာခဲ့တာဖြစ်ပြီး (၁၀) ကြိမ်မြောက် မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့နဲ့ နှစ်နိုင်ငံ ဆွေးနွေးတာတွေ ပြုလုပ်ဖို့ ရောက်ရှိခဲ့တာပါ။
ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့်ဟာ တိုကျိုမြို့က တည်းခိုရာ New Otani ဟိုတယ်မှ ထွက်ခွာရာ တိုကျိုမြို့ရှိ မြန်မာသံအမတ်ကြီး အပါအ၀င် သံရုံးဝန်ထမ်းတွေနဲ့ ဂျပန်ရောက် မြန်မာနိုင်ငံသားမိသားစုတွေက ပို့ဆောင် နှုတ်ဆက်ခဲ့ကြပါတယ်။