လီဆူတိုင်းရင်းသားရေးရာဝန်ကြီးဖလားဘောလုံးပွဲ မြစ်ကြီးနားတွင်ကျင်းပ (သတင်းဓာတ်ပုံ)

လီဆူတိုင်းရင်းသားရေးရာဝန်ကြီးဖလား ပထမအကြိမ် အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို  အောက်တိုဘာ ၅ ရက်က မြစ်ကြီးနားမြို့ရှိ မိုးလုံလေလုံကွင်းမှာ ကျင်းပနေပါတယ်။ ဒီပြိုင်ပွဲမှာ ဝိုင်းမော်လီဆူယဉ်ကျေးမှုအသင်း၊ ပူတာအိုယဉ်ကျေးမှုအသင်း၊ လီဆူအသင်းတော်(က)အသင်း၊ မြစ်ကြီးနားခရစ်တော်အသင်းတော်၊ မြစ်ကြီးနားအနောက်ပိုင်း၊ မြစ်ကြီးနားမြောက်ပိုင်း၊ မြစ်ကြီးနားတောင်ပိုင်း၊ မြစ်ကြီးနားနှစ်ခြင်းအသင်းတော်၊ ဖားကန့်ယဉ်ကျေးမှုစတဲ့ အသင်းအဖွဲ့တွေက ပါဝင်ယှဉ်ပြိုင်တာဖြစ်ပါတယ်။ ၂၀၁၈ခုနှစ် လီဆူတိုင်းရင်းသားရေးရာဝန်ကြီး ဖလားဘောလုံးပြိုင်ပွဲကို ကချင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ၀န်ကြီးတွေအပြင် ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနဲ့ လွှတ်တော်ကိုယ်စားတွေလည်းတက်ရောက်ခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up