Home
မြန်မာသတင်း
မင်းကင်းမြို့၌ ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် နေအိမ်များပျက်စီးမှာကို ဒေသခံများစိုးရိမ်
ထွန်းထွန်းသိန်း
·
October 1, 2018
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ ရှားတောကျေးရွာမှာ ချင်းတွင်းမြစ်ရေ တိုက်စားနေမှုကြောင့် ကမ်းပါးတွေပြိုကျနေပြီး  နေအိမ်တွေ ရေထဲမျောပါ ပျက်စီးမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ ရှားတောကျေးရွာဟာ မင်းကင်းမြို့နဲ့ ၁၆ မိုင်ခန့်ကွာဝေးပြီး အိမ်ခြေ ၂၀၀ ကျော်ရှိပြီး လူဦးရေ  ၁၃၀၀ ခန့် နေထိုင်နေတဲ့ ကျေးရွာဖြစ်ပါတယ်။ ဒေသခံတွေက ကိုယ်ထူကိုယ်ထ ရေကာတာတွေ ပြုလုပ်ခဲ့ပေမယ့်လည်း ရေတိုက်စားမှု ဒဏ်ကို ထိရောက်စွာ မကာကွယ်နိုင်ပဲဖြစ်နေတယ်လို့ ဒေသခံ ရွာသား ဦးမောင်နီက ပြောပါတယ်။ ရှားတောကျေးရွာက ဒေသခံဒေါ်ခင်ညွှန့်ကတော့  ချင်းတွင်းမြစ်ရေတိုက်စားနေမှုကြောင့် နေအိမ်တွေ ပျက်စီးပြီး မျောပါသွားမှာကို စိုးရိမ်တယ်လို့ ပြောပါတယ်။ ရှားတောကျေးရွာဟာ အရင်တုန်းက မြစ်ကမ်းပါးနဲ့ နေအိမ်တွေ ဝေးကွာစွာတည်ရှိခဲ့ပေမယ့် လက်ရှိမှာပေ ၄၀၀ အတွင်းကျရောက်နေတယ်လို့ ရွာခံတွေက ဆိုပါတယ်။ လတ်တလော ရှားတောကျေးရွာက နေအိမ် ၆ လုံးလောက် ရေတိုက်စားမှုဒဏ်ခံခဲ့ရပြီး အစိုးရဆီကနေ အမြန်ဆုံးအကူအညီရရှိဖို့ ဒေသခံတွေက မျှော်လင့်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024