လက်စတာနောက်ခံလူ ဘင်ချီဝဲလ်နှင့် တိုက်စစ်မှူး ဂရေးတို့ကို အင်္ဂလန်အသင်းတွင် ရွေးချယ်

ဓာတ်ပုံ - Getty Images
အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ လက်စတာနောက်ခံလူ ဘင်ချီဝဲလ်နဲ့ တိုက်စစ်မှူး ဒီမာရိုင်းဂရေးကို ထပ်တိုးခေါ်ယူလိုက်ပါတယ်။ အင်္ဂလန်အသင်းဟာ စပိန်ကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးခဲ့တဲ့ပွဲမှာ ဘယ်နောက်ခံလူ လုခ်ရှော ဒဏ်ရာရခဲ့တာကြောင့် ဘင်ချီဝဲလ်ကို အစားထိုး ခေါ်ယူခဲ့တာပါ။ ဒါ့အပြင် ဒဏ်ရာကြောင့် နုတ်ထွက်သွားတဲ့ စတာလင်ရဲ့နေရာမှာလည်း ဂရေးနဲ့ အစားထိုးခဲ့တာပါ။ ဘင်ချီဝဲလ်နဲ့ ဂရေးတို့ဟာ အင်္ဂလန် ယူ-၂၁ အသင်းမှာ နည်းပြဆောက်ဂိတ်နဲ့ လက်တွဲခဲ့ဖူးသူတွေပါ။ အင်္ဂလန်အသင်းဟာ လာမယ့် အင်္ဂါနေ့မှာ ဆွစ်ဇာလန်အသင်းနဲ့ ခြေစမ်းပွဲကစားရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up