Home
မြန်မာသတင်း
ချမ်းမြသာစည်တွင် မီးလောင်မှုကြောင့် နေအိမ် ၅ လုံး ပျက်စီးဆုံးရှုံး
Aung Aung Naing
·
September 2, 2018
40666654_164825514407948_4399128490675273728_n
40623217_164825194407980_2184547639511482368_n
40603035_164825427741290_7776876538175160320_n
40554770_164825397741293_6586460497355210752_n
40538626_164825344407965_3517292690293129216_n
40527533_164825231074643_8102193016329994240_n
40507102_164825314407968_4758707387534147584_n
မန္တ​လေးတိုင်း ချမ်းမြသာစည်​ မြို့နယ် ​မြို့သစ်​ (၄) ၆၄လမ်း ကံ့​ကော်​လမ်း (ဃ) ရပ်​ကွက်​ မှာ စက်​တင်​ဘာ ၂ ရက်​​နေ့ မနက်​ ၄ နာရီလောက်က အိမ်​ရှင် ​ဦးခင်​​​မောင်​သိန်း အိမ်​မှတဆင့် မီးစတင်​​လောင်​ခဲ့ရာ နေအိမ်​ ၅ လုံး ​မီး​လောင်​ဆုံးရှုံးခဲ့ပါတယ်​။ “မီး မီး မီး ဆိုတဲ့အသံ​တွေဆူညံ​နေမှ ကျမတို့လည်း အလန့်​တကြားထကြည့်မိ​တော့ မီးက​တော်​​တော်​များ​နေပြီး ဘာပစ္စည်းမှမယူလိုက်​ရဘူး ဆိုင်​ကယ်​တစီးပဲ ရလိုက်​တယ်​။ လက်​​တော့​တွေနဲ့ အဝတ်​အစားအိတ်နဲ့ ​ငွေနည်းနည်းတော့ပါသွားတယ်​။ ယူချိန်​ကို မရလိုက်​ဘူး။ တခါမှလည်း ဒီလိုမကြုံဘူးခဲ့ဘူး​တော့ အရမ်းကို​ကြောက်​မိတယ်​လို့ မီးစတင်​​လောင်​ခဲ့တဲ့ အိမ်​​ဘေးကပ်​လျက်​မှာ သူငယ်​ချင်းကိုး ၉ေ​ယာက်​စု​ပေါင်းနေတာ”လို့ ငှား​နေတဲ့ မသန္တာခင်​က​ ပြောပါတယ်​။ မန္တ​လေးတိုင်းမီးသတ်​တပ်​ဖွဲ့မှူး ဦးသန်း​ဇော်​ဦးက​ “အခုမီး​လောင်​တဲ​နေရာကို လယ်​ဗယ်​ ၂ သတ်​မှတ်​ပြီး မီးသတ်​ကား ၅၀​ကျော်​နဲ့ မီးသတ်​​အင်​အား သန္ဓေ ၁၅၀၊ အရန် ၅၀ ​ကျော်​နဲ့ စုစု​ပေါင်း ၂၀၀ ​ကျော်​နဲ့အတူ ရပ်​ကွက်​သူ ရပ်​ကွက်​သား​တွေ ဝိုင်းဝန်းငြိမ်းသတ်​ခဲ့ကြလို့ ကျ​နော်​တို့မီးကို အချိန်​မီ ထိန်းသိမ်းနိုင်​ခဲ့ပါတယ်​။ ​မီးလောင်​ဆုံရှုံးခဲ့ကြတဲ့အိမ်​​တွေက​တော့ ခု​လော​လောဆယ်​​ ခန့်​မှန်းခြေအရ အိမ်​ ၅ လုံး​ ကျော်​မယ် လို့ ထင်​ပါတယ်”လို့ ပြောပါတယ်။ ဆုံးရှုံးမှုတန်​ဖိုးအ​နေနဲ့ ၂၅ သိန်းနီးပါး သတ်​မှတ်​ထားပြီး မီးလောင်​ကျွမ်းရတဲ့ အ​ကြောင်းအရင်းကို စုံစမ်း​နေဆဲဖြစ်ပြီး စတင်​​လောင်​ကျွမ်းခဲ့တဲ့ အိမ်​ရှင် ​ဦးခင်​​မောင်​သိန်းကို​တော့ မီးသတ်​ဥပ​ဒေအရ ပုဒ်​မ ၂၈၅ နဲ့ အ​ရေးယူ​ ဆောင်​ရွက်​ထားတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024