Home
မြန်မာသတင်း
ဖားကန့်တွင် တောဆင်ရိုင်း နင်းသတ်ခံရ၍ ၂ ဦး သေဆုံး
DVB
·
August 26, 2018
40215526_1837544893027004_1498786265946914816_o
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသ လုံးခင်းကျေးရွာအုပ်စု တောမှေ်ကျေးရွာ အနီးက တောင်ယာတဲထဲမှာ  သြဂုတ် ၂၅ ရက်နေ့ ည ၉ နာရီလောက်မှာ အိပ်ပျော်တဲ့ လူ ၃ ဦးကို တောဆင်ရိုင်းက နင်းခဲ့တဲ့အတွက် ၂ ဦးသေဆုံးခဲ့တယ်လို့ လုံးခင်းရဲစခန်းက ပြောပါတယ်။ လုံးခင်းနယ်မြေရဲစခန်းမှူးက “သေဆုံးသူတွေဟာ ဦးယိမ်းခေါနဲ့ ဦးဝဒူးတန်ဂွန်းတို့ ဖြစ်ပြီး ဦးယော်ဘွမ်ကတော့ ထွက်ပြေးလွတ်မြောက်ခဲ့တယ်”လို့ ပြောပါတယ်။ အခင်းဖြစ်ပွားခဲ့တဲ့ နေရာဟာ ထည်လုံးကျောက်စိမ်းကြောထွက်ရှိပြီးတော့ တောဆင်ရိုင်း အများစု နေထိုင်ကျက်စားရာနေရာလည်း ဖြစ်ပါတယ်။  ၂၀၀၅ ခုနှစ်ကလည်း အခုဖြစ်ပွားခဲ့တဲ့ နေရာနဲ့ အနီးအနားဖြစ်တဲ့ လုံးခင်း၊ ကုဋေ၊ မလမ်း စတဲ့ ကျေးရွာတွေက လူတွေကို တောဆင်ရိုင်း နင်းသတ်ခဲ့တဲ့အတွက် ၅ ဦးထက်မနည်း သေဆုံးခဲ့ဖူးတယ်လို့လည်း လုံးခင်းရွာသားတဦးက ပြောပါတယ်။ သတင်း - ဇော်မိုးထက် (ဖားကန့် )
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024