မန္တလေးထောင်မှ ၁၀ တန်းအောင် အကျဉ်းသား ၃ ဦးကို လွတ်ငြိမ်းခွင့်ပေး
Aung Aung Naing
·
August 20, 2018

မန္တလေး အောင်မြေသာစံမြို့နယ်ရှိ အိုးဘိုအကျဉ်းထောင်မှ တက္ကသိုလ်ဝင်တန်း အောင်မြင်သူ ၃ ဦးကို သြဂုတ် ၁၈ ရက်က ပြစ်ဒဏ်လျှော့ပေးပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
မန္တလေး အကျဉ်းထောင်စာစစ်ဌာနကနေ တက္ကသိုလ်ဝင်တန်းဖြေဆိုတဲ့ အကျဉ်းသား အကျဉ်းသူ စုစုပေါင်း ၅၅ ဦးရှိခဲ့ပြီး သုံးဘာသာဂုဏ်ထူး ၄ ဦး၊ နှစ်ဘာသာဂုဏ်ထူး ၄ ဦး ၁ ဘာသာဂုဏ်ထူး ၁၃ ဦးနဲ့ ရိုးရိုးအောင် ၆ ဦး ရှိခဲ့ပါတယ်။
တက္ကသိုလ်ဝင်တန်းဖြေဆိုခဲ့လို့ အောင်မြင်သူခဲ့သူတွေထဲက ၃ ဦးကို လွတ်ငြိမ်းချမ်းသာ ခွင့်နဲ့ လွှတ်ပေးလိုက်တာဖြစ်ပြီး နှစ်ဘာသာနဲ့အထက် အောင်မြင်ခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူ ၁၁ ဦးကို ပြစ်ဒဏ်တ၀က်လျှော့ပေါ့ပေးလိုက်ကာ တစ်ဘာသာနဲ့ ရိုးရိုးအောင်မြင်သူ ၇ ဦးကို တော့ ပြစ်ဒဏ်ရဲ့ လေးပုံတပုံ လျှော့ပေးခဲ့တာပါ။
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်တဲ့သူတွေကို စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြုပြင်နိုင်ဖို့အတွက် လူမှုဝန်ထမ်းဦးစီးဌာနကို လွှဲထားတယ်လို့ မန္တလေးအိုးဘို (ဗဟို)ကျဉ်းထောင် တာဝန်ရှိသူတဦးက ပြောပါတယ်။
အရင်က မန္တလေးထောင်ကနေ တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့် အကျဉ်းသူ အကျဉ်းသားတွေကို ရန်ကုန်အင်းစိန်ကို ပို့ဆောင်ဖြေဆိုစေခဲ့တာပါ။ ၂၀၁၆ - ၂၀၁၇ ခုနှစ် ပညာသင်နှစ်မှာတော့ ပညာရေးဝန်ကြီးဌာနနဲ့ အကျဉ်းဦးစီးဌာနတို့ ပူးပေါင်းပြီး အိုးဘိုအကျဉ်းထောင် စာစစ်ဌာနတခု တိုးချဲ့ခဲ့တာလည်းဖြစ်ပါတယ်။
အခု၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်မှာတော့ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုဖို့ မန္တလေး အိုးဘိုဗဟိုအကျဉ်းထောင်မှာ ကျောင်းသား ကျောင်းသူစုစုပေါင်း ၇၈ ဦးရှိပါတယ်။