Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် စင်ကာပူနိုင်ငံကို သွားရောက်
DVB
·
August 19, 2018
39453346_959885284211767_6394050326181183488_o
39453275_959885254211770_7067382519657660416_o
39468340_959885304211765_4746063089714069504_o
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အလုပ်သဘော ချစ်ကြည်ရေးခရီး စင်အဖြစ် ဒီနေ့ မနက်ပိုင်းက စင်ကာပူသမ္မတနိုင်ငံကို နေပြည်တော်လေဆိပ်ကနေ ထွက်ခွာသွားပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူသမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီရှန်လုံးရဲ့ ဖိတ်ကြားချက်အရ အလုပ်သဘော ချစ်ကြည်ရေး ခရီး သွားရောက်တာလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူနိုင်ငံရှိ အရှေ့တောင်အာရှ လေ့လာရေးဌာန  ISEAS – Yusof Ishak Institute က စီစဉ်တဲ့ SINGAPORE LECTURE ပွဲမှာ “မြန်မာ့ဒီမိုကရေစီ အကူးအပြောင်း၊ စိန်ခေါ်မှုများနှင့် ရှေ့ခရီး” ဆိုတဲ့ ခေါင်းစဉ်နဲ့ သြဂုတ် ၂၁ ရက်နေ့ ဟောပြောပို့ချမယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်တွေ လိုက်ပါသွားပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၆ ခုနှစ်က စင်ကာပူနိုင်ငံကို ၃ ရက်ကြာ တရားဝင်ခရီးသွားခဲ့ဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရတာဝန်မယူခင်ကလည်း အတိုက်အခံဒီမိုကရေစီ ခေါင်းဆောင်အဖြစ်  ၂၀၁၃ ခုနှစ် စက်တင်ဘာက စင်ကာပူနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်ခဲ့ပြီး စင်ကာပူစီမံခန့်ခွဲမှု တက္ကသိုလ် (SMU) မှာ ဟောပြောခဲ့ဖူးပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024