Home
မြန်မာသတင်း
မွန်နှင့် ကရင်အပါအ၀င် နေရာအနှံ့ မိုးကြီးမည်ဟု မိုးဇလသတိပေးကြေညာ
DVB
·
August 17, 2018
ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် အပါအ၀င် ပြည်နယ်တိုင်းတွေမှာ အပူပိုင်းမုန်တိုင်း “ဘီဘင်ကာ” (Bebinca)ရဲ့ အကြွင်းအကျန် တိမ်တိုက်တွေရဲ့ အရှိန်ကြောင့် နောက်သုံးရက်အတွင်း မိုးကြီးမယ်လို့ မိုးလေ၀သဌာနက ခန့်မှန်း ထုတ်ပြန်ပါတယ်။ လေပြင်းတိုက်ခတ်တာ မိုးသည်းထန်စွာ ရွာသွန်းတာတွေကြောင့် ရုတ်တရက် ရေကြီး၊ မြေပြိုတာ ဖြစ်ပေါ်နိုင်လို့ မြေပြိုမှုအန္တရာယ်နဲ့  ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့လည်း မိုးဇလက သတိပေးထားပါတယ်။ ဒီနေ့ညနေကစပြီး နောက် ၃ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့  မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးရွာပြီး၊ နေရာကွက် မိုးကြီးမယ်လို့ မိုးဇလဌာနက ခန့်မှန်းပါတယ်။ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း ၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နဲ့  မွန်ပြည်နယ်တို့မှာလည်း နောက် (၂၄)နာရီအတွင်း ၃လက်မ နဲ့ အထက်မိုးရွာနိုင်သလို နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်းနဲ့  မန္တလေးတိုင်းတို့မှာ ၁လက်မခွဲနဲ့အထက် ရွာသွန်းနိုင်တယ်လို့ ဆိုပါတယ်။ ဓာတ်ပုံ-မိုးဇလ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024