ခရိုအေးရှားတိုက်စစ်မှူး မန်ဇူကစ် လက်ရွေးစင်အသင်းမှ အနားယူ

လက်ရွေးစင်ကစားသမား ဘဝကနေ အနားယူလိုက်ပြီလို့ ခရိုအေးရှားတိုက်စစ်မှူး မန်ဇူကစ်က ကြေညာလိုက်ပါတယ်။ မန်ဇူကစ်အနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲကစားအပြီး တလအကြာမှာ အခုလို ကြေညာခဲ့တာပါ။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သမိုင်းဝင်ရလဒ်တွေ စွမ်းဆောင်နိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်နှစ်သက်မှုတွေ ရခဲ့တယ်လို့ မန်ဇူကစ်က ဆိုပါတယ်။ မန်ဇူကစ်ဟာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ပြင်သစ်အသင်းဘက်ကို ချေပဂိုးတဂိုး သွင်းယူပေးခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်ကတည်းက လက်ရွေးစင်အသင်းကြီးမှာ စတင်ကစားခွင့်ရခဲ့ပြီး စုစုပေါင်း ၈၉ ပွဲမှာ ၃၃ ဂိုး သွင်းယူခဲ့ပါတယ်။ ဂျူဗင်တပ်ကစားသမား မန်ဇူကစ်ဟာ ခရိုအေးရှားအသင်းနဲ့အတူ ၂၀၁၄ နဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ နှစ်ကြိမ် ကစားခဲ့ပြီး စုစုပေါင်း ၅ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up