ကော့မှူးမြို့နယ်တွင် ရေကြီးမှုကြောင့် စာသင်ကျောင်း ယာယီပိတ်ထားရ
DVB
·
August 15, 2018

ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ရေကျော်ကျေးရွာမှာ ထူးကဲဒီရေတက်လာပြီး ရေကျော်ချောင်းရေလျှံလို့ ရေကျော် အထက်တန်းကျောင်း စာသင်ဆောင်တွေ ရေဝင်ကာ ကျောင်းတွေ ခေတ္တပိတ်ထားရတယ်လို့ အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။
လတ်တလော ရေပြန်ကျသွားပေမယ့် ညနေ ဒီရေတက်ချိန်မှာ ရေပြန်ဝင်မယ့် အခြေအနေရှိလို့ ကျောင်းကို (၃)ရက်လောက် ပိတ်ထားမှာ ဖြစ်ပြီး ကျောင်းသား ကျောင်းသူ ၆၀၀ နီးပါးကို ကျောင်းပိတ်ရက်မှာ အစားထိုးပြန်လည်သင်ကြားပေးမယ်လို့ ကျောင်းအုပ်ကြီးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။
ဓာတ်ပုံ-MOI