ငမိုးရိပ်တံတားဟောင်း ကြံ့ခိုင်မှုအားနည်းနေ၍ ပိတ်ထားရ
စိုးမိုးအောင်
·
August 10, 2018

ရန်ကုန် ကြက်ဘဲဈေးနားကနေ ဒေါပုံချောင်းကို ဖြတ်ပြီး မင်းနန္ဒာလမ်းကို ဖြတ်ထိုးထားတဲ့ အေဘီစီ ငမိုးရိပ်တံတားအဟောင်းဟာ ကြံ့ခိုင်မှု အားနည်းနေတာကြောင့် ပိတ်ထားလိုက်ပါတယ်။
ဒီတံတားကို သံထည်တွေနဲ့ တည်ဆောက်ထားတာဖြစ်ပြီး တံတားပေါ်ကနေ ရေပိုက်လိုင်း၊ ဓာတ်ငွေ့ပိုက်လိုင်းနဲ့ လျှပ်စစ်မီးကြိုးတွေ သွယ်တန်းထားတာ ဖြစ်ပါတယ်။
ဒေါပုံတံတားဟောင်းဟာလည်း လွန်ခဲ့တဲ့ တပတ်လောက်ကစကာ သွားလာခွင့် ပိတ်ထားပြီး ရေကျချိန်တွေမှာ မြစ်ကိုထွက်မယ့် သင်္ဘောကြီးတွေ တံတားကို ဝင်တိုက်မှာစိုးတဲ့အတွက် စောင့်ကြည့်နေရတယ်လို့လည်း တာဝန်ကျဝန်ထမ်းတွေက ပြောပါတယ်။