Home
မြန်မာသတင်း
ဒီမိုကရေစီမော်ကွန်းကျောက်တိုင်  ပဲခူးမြို့တွင် ဖွင့်လှစ်
DVB
·
August 9, 2018
38828278_1941591179466914_6679465514479124480_o
38814911_1941591102800255_3853422500234919936_o
38783108_1941591289466903_116402066217238528_o
38765832_1941591406133558_5163462618723123200_o
38738291_1941590926133606_8568210604467159040_o
38734176_1941591012800264_4036220594730041344_o
38716371_1941591526133546_6464294146940076032_o
ဒီမိုကရေစီအရေးအတွက် ခေတ်အဆက်အဆက် တိုက်ပွဲဝင်ရင်း သေဆုံးသွားခဲ့ရသူတွေ အတွက် ဒီမိုကရေစီမော်ကွန်း ကျောက်တိုင်တစ်ခုကို ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့က ရန်ကင်းသာ ပန်းခြံမှာ သြဂုတ် ၈ ရက် မနက်က ဖွင့်လှစ်လိုက်ပါတယ်။ မော်ကွန်းကျောက်တိုင်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးဘိုတောက်က “မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတွေအတွက် ၁၉၆၂ ခုနှစ်ကစပြီး ကျောင်းသားလှုပ်ရှားမှု၊ အလုပ်သမားလုပ်ရှားမှု၊ ရွှေဝါရောင်သံဃာလှုပ်ရှားမှုတွေ အပါအဝင် ခေတ်အဆက်ဆက်က တိုက်ပွဲဝင်ရင်း သေဆုံးသွားခဲ့ရတဲ့ ရဟန်းရှင်လူ ပြည်သူအပေါင်းကို အသိအမှတ်ပြုအလေးထား ဂုဏ်ပြုတဲ့အနေနဲ့ ဒီမိုကရေစီမော်ကွန်းကျောက်တိုင်ကို ဖွင့်လှစ် ရတာ”လို့ ဒီဗွီဘီ ကိုပြောပါတယ်။ တိုင်းပြည်ရဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ရရှိရေး လူ့အခွင့်အရေးတွေ အပြည့်အဝခံစားနိုင်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး ဒီမိုကရေစီအင်အားစုတွေ စုစည်းပြီး ဒီမိုကရေစီအရေးကို ဆက်လက်တိုက်ပွဲဝင်ရေးဆိုတဲ့ ရည်ရွယ်တွေလည်းပါတယ်လို့ ဦးဘိုတောက်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိအနေအထားအရ စစ်မှန်တဲ့ ဒီမိုကရေစီ အစိုးရတရပ် မပေါ်ပေါက် သေးတာကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖျက်သိမ်းဖို့ အဓိကထားကာ ပဲခူးတိုင်းအရှေ့ခြမ်းက နိုင်ငံရေးအင်အားစုတွေ စုပေါင်းပြီး ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ကြပါတယ်။ ကျောက်တိုင် ဖွင့်ပွဲအခမ်းနားကို ပဲခူးတိုင်းဝန်ကြီးချုပ်နဲ့ အစိုးအဖွဲ့ဝင်ဝန်ကြီးတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ ကျောင်းသားကျောင်းသူတွေ တက်ရောက်ခဲ့ကြပါတယ်။ သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024