Homeမြန်မာသတင်း
ရုရှား နိုင်ငံတကာ စစ်ရေးစွမ်းရည်ပြိုင်ပွဲတွင် မြန်မာတင့်ကားတပ်ဖွဲ့ ဝင်ပြိုင် (ရုပ်သံ)
ရုရှား နိုင်ငံတကာ စစ်ရေးစွမ်းရည်ပြိုင်ပွဲတွင် မြန်မာတင့်ကားတပ်ဖွဲ့ ဝင်ပြိုင် (ရုပ်သံ)
DVB
·
July 31, 2018

ရုရှားနိုင်ငံ၊ မြို့တော် မော်စကိုအနီး အလာဘီနို စစ်ရေးလေ့ကျင့်ကွင်းမှာ ကျင်းပနေတဲ့ ၂၀၁၈ နိုင်ငံတကာ စစ်ရေးစွမ်းရည်ပြိုင်ပွဲကို မြန်မာအပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်က တပ်ဖွဲ့ပေါင်း ၂၀၀ လောက်ပါဝင်ယှဉ်ပြိုင်နေပါတယ်။
ဒီပြိုင်ပွဲကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဦးစီးကျင်းပတာဖြစ်ပြီး ဇူလိုင် ၂၈ ရက်နေ့က စတင်ကာ ၁၅ ရက်ကြာ ကျင်းပမယ့် ဒီပွဲမှာ ပြိုင်ပွဲဝင်အသင်းတွေဟာ စစ်ရေးစွမ်းရည် အမျိုးအစား ၂၈ မျိုးကို ကြည်း၊ ရေ၊ လေ နယ်ပယ် ၃ ရပ်လုံးမှာ ပါဝင်ယှဉ်ပြိုင်နေကြတာပါ။
ဒီနှစ်မှာ ရုရှား၊ တရုတ်၊ အဇာဘိုင်ဂျန်၊ အာမေးနီးယား၊ ဘယ်လာရုစ်၊ အီရန်နဲ့ ကာဇက်စတန်နိုင်ငံတွေ အပါအဝင် ၇ နိုင်ငံက ပစ်ခတ်ရေး မြေပြင် ၂၄ နေရာမှာ ပွဲစဉ်တွေကို နေရာခွဲပြီး ကျင်းပနေပါတယ်။ ရုရှားနိုင်ငံထဲမှာတော့ ပြိုင်ပွဲအမျိုးအစား ၁၇ မျိုးကို ကျင်းပနေပါတယ်။
မြန်မာတပ်ဖွဲ့ကတော့ တင့်ကားစွမ်းရည်၊ စစ်မြေပြင် ဆေးတပ်ဖွဲ့စွမ်းရည်နဲ့ စနိုက်ပါစွမ်းရည် ပြိုင်ပွဲတွေမှာ ဝင်ပြိုင်နေပါတယ်။
Tank Biathlon တင့်ကားစွမ်းရည်ပြိုင်ပွဲ ပထမအဆင့်ပွဲစဉ်တွေ အပြီးမှာ ရုရှား၊ တရုတ်နဲ့ ဘယ်လာရုစ်အသင်းတွေက ပထမ၊ ဒုတိယနဲ့ တတိယနေရာမှာ ရပ်တည်နေပြီး မြန်မာတပ်မတော် တင့်ကားတပ်ဖွဲ့က အဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။
ဒီကနေ့ ဇူလိုင် ၃၁ ရက်မှာတော့ တင့်ကားတပ်ဖွဲ့တွေ ဒုတိယအကျော့ပွဲစဉ်တွေ ဆက်လက်ယှဉ်ပြိုင်နေသလို ဆေးတပ်ဖွဲ့ စွမ်းရည်ပြိုင်ပွဲလည်း ကျင်းပဖို့ ရှိနေပါတယ်။
မြန်မာ့တပ်မတော် စနိုက်ပါတပ်ဖွဲ့ကတော့ နိုင်ငံအသင်း ၁၉ သင်းအနက် အဆင့် ၆ မှာ ရပ်တည်နေတယ်လို့ သိရပါတယ်။
ရုပ်သံ- Телеканал ЗВЕЗДА