Home
မြန်မာသတင်း
အားလုံးလက်ခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ပေါ်ပေါက်ရေး လုပ်ရမည်ဟုဆို
DVB
·
July 29, 2018
37954474_2099739726734243_269329749795405824_o
37928938_2099733086734907_7273879354633879552_o
37923366_2099728176735398_9064294737497817088_o
37907503_2099731620068387_8886020948667400192_o
37907273_2099731856735030_3331898245117902848_o
ဒီမိုကရေစီစံချိန်စံညွန်းတွေနဲ့အညီ လူမျိုးပေါင်းစုံ ပြည်သူလူထု အင်အားစုအသီးသီးက သဘောတူလက်ခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ပေါ် ပေါက်လာအောင် ဆောင်ရွက်ရမယ်လို့ ၂ ရက်တာ ကျင်းပတဲ့ ငြိမ်းချမ်းရေး လူထုနှီးနှောဖလှယ်ပွဲက ပြောပါတယ်။ ဒါ့အပြင် NCA လမ်းကြောင်းအပါအဝင် ၂၁ ရာစုပင်လုံညီလာခံနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဟာ ငြိမ်းချမ်းရေးတည်ဆောက်ဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်ဖို့အတွက် အာမခံချက် မရှိဘူးလို့ ရန်ကုန်မှာ ၂ ရက်တာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေး လူထုနှီးနှောဖလှယ်ပွဲက ထုတ်ပြန်လိုက်ပါတယ်။ လူထုဆန္ဒကို အခြေခံပြီး ငြိမ်းချမ်းရေးတည်ဆောက်ဖို့။ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ရည်ရွယ်ပြီး ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ခဝဲခြံ မျက် မမြင်ကျောင်းကျောင်းမှာ ဇူလိုင် ၂၇ - ၂၈ ရက် ၂ ရက်ကျင်းပခဲ့ပြီး တက်ရောက်လာတဲ့ အဖွဲ့အစည်းပေါင်း ၁၃၀ ကျော်ထဲက ကိုယ်စားလှယ် ၂၅၀ ကျော်တို့ရဲ့ အမြင်သဘောထားစုစည်းချက်တွေကို ဇူလိုင်လ ၂၈ ရက်နေ့ ညနေ ၅ နာရီခွဲက သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး ထုတ်ပြန်လိုက်တာပါ။ အဲဒီထုတ်ပြန်ချက်ထဲမှာ အခုလက်ရှိမြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ အထွေထွေပြဿနာတွေကို မဖြေရှင်းနိုင်တဲ့ အဓိကကိစ္စဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။ ဒါကြောင့် ဒီမိုကရေစီစံချိန်စံညွန်းတွေနဲ့အညီ လူမျိုးပေါင်းစုံ ပြည်သူလူထု အင်အားစုအသီးသီးက သဘောတူလက်ခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ပေါ် ပေါက်လာအောင် ဆောင်ရွက်ရမယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် စစ်ပွဲအတွင်းမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အပါအဝင် အရပ်သားတွေကိုပစ်မှတ်ထားပြီး လူ့အခွင့်အရေးချိုးဖောက်တဲ့သူတွေကို အရေးယူ ပြီး စစ်ရေးရည်မှန်းချက်နဲ့ လမ်းတံတားဖောက်လုပ်တာ၊ ဒေသခံပြည်သူတွေ သဘောမတူတဲ့ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေ လုပ်ဆောင်နေတာတွေကို ရပ်ဆိုင်းပေးဖို့ သက်ဆိုင်ရာကို တောင်းဆိုထားပါတယ်။ ငြိမ်းချမ်းရေး လူထုနှီးနှောဖလှယ်ပွဲ ရန်ကုန်ကနေ လူထုကိုအခြေခံတဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ လုပ်ငန်းစဉ်တွေ ချမှတ်ထားပြီး အဲဒီလုပ်ငန်းစဉ်တွေ ပါဝင်တဲ့ ထုတ်ပြန်ချက်ကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေထံကို ပေးပို့သွားမယ်လို့ ငြိမ်းချမ်းရေးလူထု နှီးနှောဖလှယ်ပွဲကျင်းပရေး ဦးဆောင်သူတွေက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024