ဗိုလ်ချုပ်ပြတိုက်ကို လာရောက်ကြည့်ရှုသူ များပြား
စိုးမိုးအောင်
·
July 21, 2018

ဗိုလ်ချုပ်ပြတိုက်ကို အာဇာနည်နေ့ကစပြီး အထူးပြသထားတဲ့ ၃ ရက်အတွင်း လာရောက်ကြည့်ရှုသူများတယ်လို့ ပြတိုက်တာဝန်ခံတဦးက ပြောပါတယ်။
၇၁ နှစ်မြောက်အာဇာနည်နေ့ကစပြီး ဇူလိုင် ၂၁ ရက်နေ့အထိ ပြည်တွင်းပြည်ပလေ့လာသူတွေအတွက် အခမဲ့အထူးပြသထားတာပါ။
အာဇာနည်နေ့မှာ လာရောက်ကြည့်ရှုသူ ၂၀၁၆၅ ဦး၊ ဇူလိုင် ၂၀ ရက်နေ့မှာ ၂၅၀၀ နဲ့ ဇူလိုင် ၂၁ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအထိ လာရောက်ကြည့်ရှုသူ ၁၅၀၀ ကျော်ရှိတယ်လို့ တာဝန်ရှိသူတဦးကပြောပါတယ်။
အထူးပြသထားတဲ့ ၃ ရက်အတွင်း ဗိုလ်ချုပ်တို့မိသားစုနေတဲ့ အပေါ်ထပ်အိပ်ခန်းကို တက်ရောက်ခွင့် ခေတ္တပိတ်ထားပြီး LED ဘုတ်တွေနဲ့ပြသထားပါတယ်။
၃ ရက်အတွင်း ပြတိုက်ကို မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ ဖွင့်လှစ်ပေးထားတာပါ။
ပြတိုက်ကို အပတ်စဉ် တနင်္လာနေ့နဲ့ပြန်တမ်းဝင်ရုံးပိတ်ရက်တွေပဲ ပိတ်ပြီး နေ့စဉ် မနက် ၉ နာရီခွဲကနေ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ထားပါတယ်။
ပြတိုက်ကို လာရောက်လေ့လာသူတွေအတွက် အခမဲ့ကြည့်ရှုနိုင်ပြီး နိုင်ငံခြားသားတဦးကိုတော့ ငွေကျပ် ၅၀၀၀ ကောက်ခံတယ်လို့ ဆိုပါတယ်။