ဒဏ်ရာရ စစ်သည်အရာရှိများအတွက် E-Bike မော်တာသုံးဘီးဝှီးချဲများ ပေးအပ်
DVB
·
July 21, 2018
စစ်မှုထမ်းဟောင်းများအတွက် တိုက်ခန်းတွေနဲ့ တာဝန်ထမ်းဆောင်ရင်း ထိခိုက်ဒဏ်ရာရ စစ်သည်အရာရှိတွေအတွက် E-Bike မော်တာသုံးဘီးဝှီးချဲတွေ ပေးအပ်ခဲ့ပါတယ်။
ဇူလိုင် ၂၀ ရက်နေ့က ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ မှော်ဘီတပ်နယ်ရှိ တပ်နယ်ခန်းမမှာ ပေးအပ်ခဲ့တာဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်မှုထမ်းဟောင်းအဖွဲ့ဝင်တွေ နေရေးအဆင်ပြေစေဖို့ အိမ်ရာတွေကို တတ်နိုင်သလောက် ဆောက်လုပ်ပြီး နေရာချထားပေးနေပေမယ့် လိုအပ်ချက်တွေ ရှိနေကြောင်း ပြောပါတယ်။
ဒါ့အပြင် စစ်မှုထမ်းဟောင်းတွေနဲ့ မိသားစုတွေ အလုပ်အကိုင်အခွင့်လမ်းတွေ ရရှိစေဖို့ အထည်ချုပ်စက်ရုံတွေနဲ့ အခြားအလုပ်ရုံတွေ ဖွင့်လှစ်ပြီး ဆောင်ရွက်ပေးနေကြာင်း၊ လက်ရှိအချိန်မှာ ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေလို့ သက်သာချောင်ချိစေရေးအတွက် တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး အသား၊ ငါး၊ ဟင်းသီး ဟင်းရွက်တွေကို ပြင်ပပေါက်ဈေးထက်သက်သာသောဈေးနှုန်းတွေ ရောင်းချပေးနေကြာင်း၊ ဒါ့အပြင် တပိုင်တနိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်ဖို့လိုကြောင်း ပြောကြားသွားပါတယ်။