Homeမြန်မာသတင်း
လယ်ယာ၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ကဏ္ဍ တိုးတက်အောင် စစ်ကိုင်းတိုင်း အစိုးရ ဆောင်ရွက်မည်
လယ်ယာ၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ကဏ္ဍ တိုးတက်အောင် စစ်ကိုင်းတိုင်း အစိုးရ ဆောင်ရွက်မည်
Aung Ko Latt
·
July 18, 2018

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ လယ်ယာ၊ လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်အပါအဝင် ကဏ္ဍအသီးသီးမှာ တိုးတက်ဖွံ့ဖြိုးအောင် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ တိုင်းအစိုးရအဖွဲ့ စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဦးက ကတိပြု ပြောကြားလိုက်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ဒုတိယ ၁ နှစ်တာကာလ လုပ်ငန်းဆောင်ရွက်ချက်၊ ပြုပြင်ပြောင်းလဲတိုးတက်မှုတွေနဲ့ ပတ်သက်ပြီး ဇူလိုင်လ ၁၈ ရက် မနက်ပိုင်းက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာမှာ ပြောသွားတာပါ။
ဒီသတင်းစာရှင်းလင်းပွဲမှာ တိုင်းအစိုးရအဖွဲ့ဝင် စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဦးက ဒုတိယ ၁ နှစ်တာကာလ ဌာန ၂၆ ခုရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး ရှင်းလင်းတင်ပြ ခဲ့ပါတယ်။
ဒါ့အပြင် အစိုးရအဖွဲ့အနေနဲ့ တိုင်းဒေသကြီးအတွင်းက စီမံခန့်ခွဲရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီးရဲ့ တိုးတက်ဖွံ့ဖြိုးရေးတွေကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတွေ၊ ဒေသခံပြည်သူတွေ၊ သတင်းမီဒီယာတွေနဲ့ ပူးပေါင်းကာ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
သတင်းထောက်တွေက ဒေသဖွံ့ဖြိုးရေး၊ မူးယစ်ဆေးဝါး၊ နယ်စပ်ဒေသ၊ သတ္တုတူးဖော်ရေး စတဲ့ ကိစ္စရပ်တွေကို မေးမြန်းခဲ့ရာမှာ သက်ဆိုင်ရာဝန်ကြီးတွေ၊ တိုင်းအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူတွေက ပြန်လည်ဖြေကြားခဲ့တာပါ။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအနေနဲ့လည်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံ အဆောက်အအုံဖြစ်တဲ့ လမ်းပန်းနဲ့ လျှပ်စစ်မီးရရှိရေး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး စတဲ့ကဏ္ဍ ၃ ခုကို အဓိကထား ဆောင်ရွက်သွားမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။
ဒါ့အပြင် ချင်းတွင်းသင်္ကြန်ကိစ္စ၊ နယ်စပ်ဒေသ နယ်နိမိတ်ပြဿနာ၊ အရင်အစိုးရ ကြွေးကျန်ကိစ္စ စတာတွေကိုလည်း ရှင်းလင်းတင်ပြခဲ့ပါတယ်။