ယင်းမာပင်မြို့အနီး ငလျင်လှုပ်
DVB
·
July 18, 2018

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့အနီးမှာ ဒီနေ့ မနက် ၈ နာရီကျော်က အင်အားအနည်းငယ်ရှိတဲ့ ငလျင်လှုပ်ခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဇူလိုင်လ ၁၈ ရက်နေ့ မနက် ၈ နာရီ ၃၅ မိနစ် ၂၇ စက္ကန့် အချိန်က အင်အားရစ်တာ စကေး ၄.၃ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခုဟာ ယင်းမာပင်မြို့ရဲ့ အနောက်မြောက်ဘက် ၅ မိုင်လောက်အကွာ မြောက်လတ္တီတွဒ် ၂၂.၁၁ ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် ၉၄.၈၄ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ရှားသွားတာဖြစ်ပါတယ်။