ပင်လုံလာတက်သည့် မြောက်ပိုင်းအဖွဲ့ ပြန်လည်ထွက်ခွာ
DVB
·
July 15, 2018

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစု ပင်လုံ တတိယအစည်းအဝေးကို လာတက်တဲ့ မြောက်ပိုင်း မဟာမိတ် ၇ ဖွဲ့ဟာ မနေ့က နေပြည်တော်ကနေ ပြန်လည် ထွက်ခွာသွားပါတယ်။
သူတို့အဖွဲ့ဟာ တရုတ်အစိုးရ စီစဉ်ပေးမှုနဲ့ လာရောက်တာ ဖြစ်ပြီး တရုတ်နိုင်ငံ ကူမင်းမြို့ကို ပြန်ကြတာ ဖြစ်ပါတယ်။
အဲဒီအထဲမှာ ရှမ်းပြည်တမ်မတော်မြောက်ပိုင်း SSPP နဲ့ မိုင်းလာအဖွဲ့တို့ကတော့ ပြည်တွင်းကနေပဲ နေရပ်ကို ပြန်သွားတာပါ။
ကျန်းမာရေး မကောင်းလို့ နေပြည်တော်မှာ ဆေးကုသမှု ခံယူနေတဲ့ uwsa အဖွဲ့ ဒုဥက္ကဋ္ဌ ဦးပေါက်ယူယိနဲ့ ဦးကျောက်ကော်အန်းတို့လည်း သက်သာလာတာကြောင့် တရုတ်နိုင်ငံကို ပြန်သွားခဲ့ပါတယ်။
ဝအဖွဲ့ ခေါင်းဆောင်တွေကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သွားရောက် ကြည့်ရှုအားပေးခဲ့ပါတယ်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေအနေနဲ့ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်တို့ တွေ့ဆုံခဲ့ပြီး နောက်ထပ် တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဖို့ရှိတယ်လို့ ပြောဆိုထားပါတယ်။