အမျိုးသားလေကြောင်း လေယာဉ်တစီး တံခါးနည်းပညာပိုင်း ချို့ယွင်းမှုကြောင့် ပြန်ဆင်းခဲ့ရ
DVB
·
July 13, 2018

ရန်ကုန်လေဆိပ်မှာ လေယာဉ် ၁ စီး Cargo တံခါးနည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ပြန်လည်ဆင်းသက်ခဲ့ရတယ်လို့ ပြည်ထဲရေး သတင်းမှာ ဖော်ပြါတယ်။
ဇူလိုင် ၁၂ ရက်၊ မနက် ၈ နာရီ ၃၅ မိနစ်အချိန် မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ရန်ကုန်-စင်ကာပူ-ရန်ကုန်ပြေးဆွဲတဲ့ ခရီးစဉ်အမှတ် 8M-231၊ လေယာဉ်အမှတ် XY-AGU ၊ အမျိုးအစား A-319 ဟာ ခရီးသည် ၁၀၄ ဦး တင်ဆောင်၍ ရန်ကုန်လေဆိပ်မှ စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်ကို ထွက်ခွာလာတာပါ။
စတင်ထွက်ခွာပြီး လေပေါ်အရောက် လေယာဉ်ရဲ့ Cargo တံခါးနည်းပညာပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ရန်ကုန်လေဆိပ်ကို ပြန်လည်ဆင်းသက်ပြီး Terminal-1 Tube-9 မှာ အင်ဂျင်နီယာ စည်သူဝင်း အပါအဝင် ၃ ဦးက ပြုပြင်ခဲ့ရာ မနက် ၉ နာရီ ၅၀ အချိန်မှာ ပြီးစီးခဲ့လို့ စင်ကာပူနိုင်ငံကို ဆက်လက်ထွက်ခွာသွားတယ်လို့ သိရပါတယ်။