Home
မြန်မာသတင်း
ရေဘေးသင့်ပြည်သူများအတွက် ပခုက္ကူခရိုင်တွင် ရေဘေးရှောင်စခန်းများ တိုးချဲ့ဖွင့်လှစ်မည်
မြင့်နိုင်
·
July 10, 2018
ရေကြီးရေလျှံချိန်မှာ ရေဘေးသင့်ပြည်သူတွေ ယာယီခိုလှုံနိုင်စေဖို့အတွက် ပခုက္ကူခရိုင်အတွင်းမှာ ရေဘေးရှောင်စခန်းတွေကို တိုးချဲ့ဖွင့်လှစ်သွားဖို့ သက်ဆိုင်ရာက ပြင်ဆင်နေပါတယ်။ ပခုက္ကူခရိုင် ရေစကြိုမြို့နဲ့ ပခုက္ကူမြို့တွေမှာ နှစ်စဉ် မိုးရာသီရောက်တိုင်း မြစ်ရေကြီးပြီး မြစ်ကမ်းနားနေထိုင်တဲ့ ဒေသခံ ပြည်သူတွေဟာ ရေဘေးလွတ်ရာကို ပြောင်းရွှေ့ရလေ့ရှိပါတယ်။ ဒီလို ရေလွတ်ရာကို ပြောင်းရွှေ့နေထိုင်သူတွေအတွက် ပြီးခဲ့တဲ့၂၀၁၇ ခုနှစ်က ပခုက္ကူမှာ ယာယီရေဘေးရှောင်စခန်းတခု၊ ရေစကြိုမြို့မှာ ယာယီရေဘေးရှောင်စခန်းတခု ဖွင့်လှစ်ခဲ့ပါတယ်။ အခု ၂၀၁၈ ခုနှစ်မှာတော့ ပခုက္ကူမှာ ယာယီရေဘေးရှောင်စခန်း နှစ်ခုနဲ့ ရေစကြိုမှာ သုံးခုကို တိုးချဲ့ဖွင့်လှစ်ဖို့ ဆောင်ရွက်ထားတယ်လို့ ပခုက္ကူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဦးနေဝင်းက ပြောပါတယ်။ “ကျနော်တို့ စခန်းတွေ ဆောက်ပြီးသွားရင် ရေဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေ မျှဝေမယ်။ နောက်ပြီးတော့ ကလေးသူငယ်တွေကို ပြုစုစောင့်ရှောက်တဲ့ အပိုင်းတွေမှာလည်း သက်ဆိုင်ရာ အိုင်အန်ဂျီအို၊ အန်ဂျီအိုတွေ ကျနော်တို့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေ၊ ဒေသဆိုင်ရာအဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့ ဆောင်ရွက်မှာဖြစ်ပါတယ်။ နောက်ပြီး ထိခိုက်လွယ်သူတွေကို ပြုစုစောင့်ရှောက်မှုအပိုင်းတွေ၊ နောက်ပြီး စခန်းတွေမှာ ကလေးတွေကို အချိန်ကုန်မှန်း မသိရအောင် အားကစားနည်းတွေကိုလည်း ထည့်ပြီး ဆောင်ရွက်ဖို့ စီမံဆောင်ရွက်နေတယ်” ၂၀၁၇ ခုနှစ်ရေကြီးချိန်တုန်းက ပခုက္ကူမှာ လူဦးရေ ၁၀၀၀၀ ကျော်လောက်နဲ့ ရေစကြိုမှာ လူဦးရေ ၅၀၀၀ ကျော်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနကနေ ကူညီပေးခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024