Home
မြန်မာသတင်း
မန္တလေးတွင်ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများ အန်အယ်လ်ဒီ ရွေးချယ်
DVB
·
June 27, 2018
36230917_1579111792217065_521198627876503552_o
မန္တလေးတိုင်းအတွင်း ကြားဖြတ်ရွှေးကောက်ပွဲအတွက် အန်အလ်ဒီပါတီမှ ကိုယ်စားလှယ်လောင်း အဆိုပြုလွှာတွေကို စိစစ်ရွေးချယ်ပြီးဖြစ်တယ်လို့ မန္တလေးတိုင်း ဒေသကြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေးဌာနက သိရပါတယ်။ မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ကိုယ်စားလှယ်လောင်း ဦးစိန်မြင့်၊ သပိတ်ကျင်းမြို့နယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်(၁)နေရာအတွက် ဦးစိုးလွင်နဲ့ ရှမ်းတိုင်းရင်းသားရေးရာလွှတ်တော် ကိုယ်စားလှယ် (၁)နေရာ အတွက် ဦးစိုင်းပန်းဆိုင် (ခ) ဦးစိုင်းထွန်းစိန်(ခ) ဦးကျော်စိန်တို့ကို စိစစ်ရွေးချယ်ခဲ့တာပါ။ လွှတ်တော်အသီးသီးမှာ လစ်လပ်နေရာ ၁၃ နေရာအတွက် ကျင်းပမယ့် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလ ၃ ရက်နေ့ မှာ ကျင်းပမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024