Home
မြန်မာသတင်း
လာမည့်ဘဏ္ဍာနှစ် ၃ နှစ်အတွင်း လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၂၀၀၀ ခန့် တိုးမြှင့်မည်
DVB
·
June 20, 2018
35645602_2192071717474776_6275534869766340608_o
ရန်ကုန်တိုင်းဒေသကြီးအတွက် လာမယ့် ဘဏ္ဍာနှစ် ၃ နှစ်အတွင်း လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၂၀၀၀ လောက် တိုးမြှင့်ရရှိဖို့ အာမခံချက် ရရှိထားတယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။ ဇွန်လ ၂၀ ရက်နေ့က ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ရန်ကုန်တိုင်း ဒေသကြီးမြို့နယ် ၁၁မြို့နယ်မှာ အကောင်အထည်ဖော်မယ့် စက်မှုဇုန် စီမံကိန်း အစီရင်ခံစာနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေအပေါ် မြို့တော်ဝန်က ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့တာပါ။ မြို့တော်ဝန်က “စက်မှုဇုန်ပဲလုပ်လုပ် ဘာစီမံကိန်းတွေ လုပ်လုပ်ပါ လျှပ်စစ်ဓာတ်အားက လိုအပ်ပါတယ်။ ရန်ကုန်တိုင်းရဲ့ လက်ရှိ လျှပ်စစ်သုံးစွဲမှုက မဂ္ဂါဝပ် ၁၆၀၀ ကျော်ရှိတယ်။ လျှပ်စစ်ဝန်ကြီးဌာနက ၂၀၁၈-၁၉ ဘဏ္ဍာနှစ်ကနေ ၂၀၂၀-၂၁ဘဏ္ဍာနှစ် အတွင်းမှာ မဂ္ဂါဝပ် ၃၀၀၀ ကျော်ကို ထပ်မံထုတ်လုပ်သွားမှာ ဖြစ်ပြီးတော့ ရန်ကုန်တိုင်းဒေသကြီးအတွက်ကို မဂ္ဂါဝပ် ၂၀၀၀ ကျော် သုံးစွဲဖို့ ရည်မှန်းချက် ထားထားပါတယ်။ ဒီအာမခံချက်ပေါ် ယုံကြည်မယ်ဆိုရင် ကျနော်တို့ လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက် ရရှိလာမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ စက်မှုဇုန်တွေကို ကော့မှူး၊ ကွမ်းခြံကုန်း၊ ခရမ်း၊ သုံးခွ၊ တွံတေး၊ သန်လျင်၊ ကျောက်တန်း၊ တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူး၊ ထန်းတပင်မြို့နယ်တို့မှာ အကောင်ထည်ဖော်ဖို့ လျာထားပါ တယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024