Home
မြန်မာသတင်း
မိုးထိမိုးမိရွှေလုပ်ကွက် ပြန်လုပ်ကိုင်ခွင့်ရရေး နေပြည်တော်တွင် ဆန္ဒပြ
အောင်ကိုကိုလတ် (နေပြည်တော်)
·
June 19, 2018
35654394_607476302960330_8766342183180566528_o
35493927_1580590392068821_2763965352244150272_o
  ရွှေလုပ်ကွက် ပြန်လည်လုပ်ကိုင်ခွင့်ရဖို့အတွက်  ဒီကနေ့ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ရွှေနံသာရပ်ကွက်မှာ အမျိုးသားကြီးပွားရေးတိုးတက်ရေး ကုမ္ပဏီ၊ မိုးထိမိုးမိ ရွှေတူးဖော် ထုတ်လုပ်ရေးလုပ်ငန်းက အလုပ်သမား ၁၀၀ လောက်က ဒီကနေ့  ဆန္ဒထုတ်ဖော် ကြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မိုးထိမိုးမိလုပ်ကွက်မှာ ၆ ရပ်တိုင်တိုင် ဆန္ဒထုတ်ဖော်ခဲ့ပေမယ့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိတာကြောင့် အခုလို ဆန္ဒထုတ်ဖော်ရတာဖြစ်တယ်လို့ အမျိုးသားကြီးပွားတိုးတက်ရေး ရွှေတူးဖော် ထုတ်လုပ်ရေးအုပ်စုက  အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းအောင်စိုးကပြောပါတယ်။ “ဝန်ကြီးဌာနကနေပြီးတော့မှ ကျနော်တို့ ဒီလုပ်ငန်းကြီးအပေါ်မှာ တဘက်သတ်ရပ်ဆိုင်း ခဲ့တဲ့ အတွက်ကြောင့် ဒီမှာ ပြည်သူတွေရဲ့ ရင်းနှီးမြှုပ်နှံထားမှု မပျက်စီးစေရေးနဲ့ ဒီအပေါ်မှာ မှီခိုလုပ်ကိုင်နေတဲ့ လုပ်သားတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ မပျောက်စေရေးအတွက် လာရောက်ပြီး ဆန္ဒထုတ်ဖော်ခြင်းဖြစ်ပါတယ်” ဒါ့အပြင် ရပ်ဆိုင်းခံထားရတဲ့ ရွှေတူးဖော်လုပ်ကွက်တွေ ပြန်လည် လည်ပတ်နိုင်ဖို့၊ လုပ်ငန်းအပေါ်မှာ မှီခိုလုပ်ကိုင်နေတဲ့ အလုပ်သမား ၁၀၀၀၀ အလုပ်အကိုင်အခွင့် အလမ်းပြန်လည်ရရှိဖို့နဲ့ လုပ်ငန်းစာချုပ်ကို ခေတ်နဲ့ အညီ ပြန်လည်ချုပ်ဆိုနိုင်ဖို့တွေအတွက် လည်း ဆန္ဒပြသမားတွေက တောင်းဆိုပါတယ်။ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးကနေပြီးတော့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်ထက် အဆင့်တွေကျော်လွန်ပြီး လုပ်ဆောင်နေတာတွေကိုလည်း ဥပဒေကြောင်းအရ ဖြေရှင်းသွားမယ်လို့ ပြောပါတယ်။ မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ မိုးထိမိုးမိ ဒေသရှိ ရွှေတူးဖော်လုပ်ကွက်တွေမှာ တင်ဒါအောင် လုပ်ကိုင်ခွင့်ရထားတဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီဟာ နိုင်ငံတော်ကို သတ်မှတ်အချိုးအစားနှုန်းအတိုင်း ရွှေစင်အခွန်တွေ မပေးသွင်းနိုင်ခဲ့လို့ ၂၀၁၇ခုနှစ် နိုဝင်ဘာလက စပြီး ရွှေတူးဖော်လုပ်ကိုင်ခွင့်  နိုင်ငံတော်က ယာယီဆိုင်းငံ့ထားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024