အမေရိကန် ရက်ပ်အဆိုတော် တန်တေစီယို ပစ်သတ်ခံရ

ဓာတ်ပုံ - Larry Marano/Rex
အမေရိကန် ရက်ပ် (Rap) အဆိုတော် တန်တေစီယိုဟာ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် မိုင်ယာမီမြို့နားမှာ ဇွန် ၁၈ ရက်နေ့က ပစ်သတ်ခံခဲ့ရတယ်လို့ အနုပညာ ငွေကြယ်ပွင့်တွေရဲ့ သတင်းအင်တာနက်စာမျက်နှာ TMZ က ဖော်ပြပါတယ်။ မော်တော်ဆိုင်ကယ်ရောင်းတဲ့ ဆိုင်နားမှာ မတော်တဆ ပစ်ခံရတာ ဖြစ်ပုံရတယ်ဆိုတဲ့ ရဲတပ်ဖွဲ့ရဲ့ ကနဦး အစီရင်ခံစာကို ကိုးကားပြီး ထုတ်ပြန်ခဲ့တာပါ။ အရွယ်ရောက်ပြီးသား အမျိုးသားတဦး တနင်္လာနေ့ မွန်းလွဲပိုင်းမှာ သေနတ်နဲ့ အပစ်ခံရလို့ ဆေးရုံကို သယ်သွားရာမှာ သေဆုံးခဲ့တယ်လို့ ဘရိုးဝပ်ဒ်စီရင်စု ငြိမ်ဝပ်ပိပြားရေးရုံးက ကြေညာချက် ထုတ်ပြန်ပါတယ်။ သေဆုံးသူ ဘယ်သူဆိုတာ ရုံးက သတင်းမထုတ်ပြန်ပေမယ့် အသက် ၂၀ အရွယ် Rapper xxx တန်တေစီယွန် ဖြစ်တယ်လို့ TMZ နဲ့ ဟောလိဝုဒ် သတင်းထုတ်ပြန်ရေးရုံးက ဆိုပါတယ်။ သူ့ရဲ့ တကယ့်နာမည်က ဂျိုဇေ ဒွိန်းမ် အွန်ဖရိုယေ ဖြစ်ပြီး ပထမအယ်လ်ဘမ်ကို ၂၀၁၇ သြဂုတ်လမှာ ဖြန့်ချိခဲ့တာပါ။ ဒုတိယအယ်လ်ဘမ်ဟာ ကျန်ခဲ့တဲ့မတ်လက အရောင်းရဆုံး အယ်လ်ဘမ်စာရင်းထဲမှာ ပထမနေရာကို ချိတ်ဆွဲနိုင်ခဲ့ပါတယ်။ တန်တေစီယွန်ဟာ ထောင်နဲ့ လူငယ်ထိန်းသိမ်းရေး စခန်းတွေမှာ နေခဲ့ဖူးပြီး ကိုယ်ဝန်ဆောင် ရည်းစားအပေါ် အကြမ်းဖက်မှုနဲ့ တရားစီရင်ခံဖို့ စောင့်နေချိန်မှာ ခုလို ပစ်သတ်ခံရတာလို့ မီဒီယာတွေက အစီရင်ခံပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up