စားသောက်ဆိုင်ထဲ ပရိသတ်ကို အံ့သြစေခဲ့သည့် ထရမ့်နှင့်ကင်ဂျုံအန်း အတု (ရုပ်သံ)

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းတို့နဲ့ ရုပ်ချင်းတူသူတွေဟာ စင်ကာပူနိုင်ငံထဲက ပင်လယ်စာ စားသောက်ဆိုင်ထဲမှာ ဂဏန်းဟင်းစားသောက်ခဲ့ကြပြီး စားသုံးသူ ဧည့်သည်တွေ အံ့သြအောင် လုပ်ခဲ့ကြပါတယ်။ ထရမ့်နဲ့ ရုပ်ချင်းတူပြီး ပုံစံတုပထားတဲ့ ဒန်းနစ်အလန်နဲ့ ကင်ဂျုံအန်းနဲ့ တူအောင် တုပထားတဲ့ ဟိုးဝပ်တို့ဟာ ခေါင်းဆောင် ၂ ယောက်ကြိုက်တဲ့ မူရင်းဟင်းတွေကို အရင်ကြည့်တာပါ။ အဲဒီနောက် စင်ကာပူရဲ့ နာမည်ကြီး စားဖွယ်တွေထဲက တခုဖြစ်တဲ့ ငရုတ်သီးဂဏန်းပေါင်းကို စားကြပါတယ်။ သူတို့ ၂ယောက်ကို စားသောက်ဆိုင်မှာ လူတွေ စုပြုံကြည့်ပြီး သူတို့ စားနေပုံကို ဓာတ်ပုံရိုက်ကြပါတယ်။ ဟိုးဝပ်နဲ့ အလန်တို့ဟာ ကျန်ခဲ့တဲ့ ဖေဖော်ဝါရီက ၂၀၁၈ ဖြောင်းချန် ဆောင်းရာသီ အိုလံပစ် ကျင်းပနေချိန်မှာ ခေါင်းဆောင် ၂ ယောက်လို ဝတ်ဆင်ပြီး လူကြားထွက်ခဲ့လို့ နာမည်ကျော်ကြားခဲ့တာပါ။ ထရမ့်နဲ့ ကင်အစစ်တို့ဟာ စင်ကာပူနိုင်ငံမှာ ဇွန် ၁၂ ရက်နေ့မှာ သမိုင်းဝင် အစည်းအဝေးကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ မြောက်ကိုရီးယား နျူကလီယား ဖျက်သိမ်းရေးနဲ့ စီးပွားရေး အထောက်အပံ့တွေကို ဆွေးနွေးမယ်လို့ မျှော်လင့်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up