လုယက်သူ ၄ ဦးအား ရင်ဆိုင်ခဲ့သည့် ရှားလော့ဟုမ်းမင်းသားကို ၀ိုင်းဝန်းချီးကျူး

အစားအစာပို့ဆောင်သူတဦးကို လုယက်သူလေးဦးလက်ကနေ ကယ်တင်ပေးခဲ့တဲ့ နာကျော် သရုပ်ဆောင်မင်းသား ဘန်နီဒစ်ကမ်ဘာဘာ့ခ်ျကို သူရဲကောင်းတဦးအဖြစ် သူ့ပရိတ်တွေက ဝိုင်းဝန်းချီးကျူးနေကြပါတယ်။ The Independent သတင်းစာရဲ့အဆိုအရ ဒီဖြစ်ရပ်ဟာ ဇွန် ၂ ရက်နေမှာ ဖြစ်ပွားခဲ့တာလို့သိရပြီး အခင်းဖြစ်ချိန်မှာ မင်းသားက ဇနီးသည်နဲ့အတူ Uber ကားတစ်စီးပေါ်မှာ ရှိနေခဲ့တာလို့ သိရပါတယ်။ အဲ့ဒီအချိန်မှာ စက်ဘီးနဲ့ ပစ္စည်းပို့ဆောင်သူတဦးကို အမျိုးသားလေးဦးက လုယက်ဖို့ ကြိုး စားခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်ကို မြင်မြင်ချင်း အသက် ၄၁ နှစ်အရွယ် မင်းသားက ကားထဲကထွက်ကာ လုယက်ဖို့ ကြိုးစားသူတွေနဲ့ ရင်ဆိုင်ခဲ့တယ်လို့ မျက်မြင်ကြုံတွေ့ခဲ့သူတဦးက ပြောပါတယ်။ ရှားလော့ဟုမ်းမင်းသားရဲ့ ဝင်ရောက်ကူညီမှုကြောင့် လုယက်သူ လေးဦးဟာ လက်ဗလာနဲ့ ထွက်ပြေးခဲ့ရပြီး မင်းသားက အလုယက်ခံရသူ ကို ပွေ့ဖက်နှစ်သိမ့်မှုပါ လုပ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။ “ဘန်နီဒစ်က သတ္တိရှိတယ်၊ ရဲရင့်တယ်၊ တကိုယ်ကောင်းစိတ်နည်းတယ်” လို့ အခင်းဖြစ်တဲ့နေရာမှာ မင်းသားနဲ့အတူရှိခဲ့တဲ့ Uber ကားဒရိုင်ဘာက ပြောကြားခဲ့ပါတယ်။ အလုခံရသူရဲ့ အလုပ်ရှင်ကလည်း ဒီလိုသူရဲကောင်းအပြုအမူမျိုးအတွက် ဘန်နီဒစ်ကို ကျေးဇူးတင်ပါတယ်လို့ ပြောပါတယ်။ ဒါပေမယ့် မင်းသားကြီးဘန်နီဒစ်ကတော့ သူဟာသူ လုပ်သင့်တာကို လုပ်ခဲ့ရုံပါပဲလို့ The Sun သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up