Home
မြန်မာသတင်း
မန္တလေးမြို့တွင် ရွှေဆိုင်ကို ဓားကိုင်လူ ၂ ဦး ၀င်ရောက်လုယက်
DVB
·
May 28, 2018
33708908_1536467959814830_4780427647035375616_o
  မန္တ​လေးမြို့ ချမ်းမြသာစည်​မြို့နယ်​ ကျွန်းလုံးဥ​သျောင်​ရပ်​ကွက်​ အကွက် ​၅၀၇ ထဲမှာ ဖွင့်​လှစ်​ထားတဲ့​ ရွှေစင်​မြင့်မိုရ်​​ရွှေဆိုင်​​ကို​ ဒီနေ့ မနက် ၁၀ နာရီ ၄၅ မိနစ်​​လောက်​က ဓားကိုင်​ထားတဲ့ လူ ၂ ဦးက ဝင်​​ရောက်​လုယက်​ခဲ့မှု ဖြစ်​ပွားခဲ့ပါတယ်။ အခုဖြစ်​သွားတဲ့ ဓားပြလုယက်​မှုမှာ ၁၅ ပဲရည်​ ​ရွှေလက်​​ကောက်​ ၁၀ ကွင်း၊ ၇ ကျပ်​သားခန့်​၊ တန်​ဖိုး ၆၃ သိန်းကျပ်​ဖိုး​လောက်​ လုယက်​ခံလိုက်​ရပါတယ်​။ လုယက်​မှုနဲ့ပတ်​သက်​ပြီး အမှတ် ​၁၀ ရဲစခန်းက တရားခံ ဖမ်းဆီးရမိနိုင်​​ရေးအတွက်​ ​ဆောင်​ရွက်​​နေပါတယ်​။ သတင်း - ငြိမ်းမိုးနောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024