အသက် ၈၀ အရွယ် ဦးစိုးဝင်းကို စီမံဘဏ္ဍာဝန်ကြီးခန့်အပ်ရန် တင်သွင်း
DVB
·
May 28, 2018

ရာထူးက နုတ်ထွက်သွားတဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေး ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းရဲ့ နေရာမှာ အစားထိုးခန့်အပ်ဖို့အတွက် အသက် ၈၀ အရွယ်ရှိ ဦးစိုးဝင်းကို စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးအဖြစ် ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးမယ့် ဦးစိုးဝင်းရဲ့ ကိုယ်ရေးအကျဉ်းကိုလည်း နိုင်ငံတော်သမ္မတက လွှတ်တော်ကို ပေးပို့ထားပါတယ်။
ဦးစိုးဝင်းဟာ ၀ိဇ္ဇာ၊ ဥပဒေ၀ိဇ္ဇာ၊ စီမံခန့်ခွဲရေး ဒီပလိုမာ (BA, BL,DMA) ဘွဲ့တွေ ရရှိထားပြီး Deloitte Touche Myanmar Vigour Advisory Limitedကုမ္ပဏီမှာ Country Managing Partner အဖြစ်လုပ်ကိုင်နေသူဖြစ်ပါတယ်။
ဦးစိုးဝင်းကို မော်လမြိုင်မြို့မှာ ၁၉၃၈ ခုနှစ်က မွေးဖွားခဲ့ပြီး လက်ရှိမှာ သား ၄ ဦး ရှိပါတယ်။ လတ်တလော ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မစိုးရိမ်ကျောင်းလမ်းမှာ နေထိုင်ပါတယ်။