လပေါ် လမ်းလျှောက်ခဲ့သည့် အမေရိကန် အာကာသယာဉ်မှူးဟောင်း သေဆုံး

Officials say American astronaut Alan Bean, the fourth person to walk on the moon in 1969 during the Apollo 12 mission, died on Saturday. Nathan Frandino reports.
၁၉၆၉ ခုနှစ်က လပေါ်မှာ လမ်းလျှောက်ခဲ့တဲ့ အမေရိကန် အာကာသယာဉ်မှူးဟောင်း အလန် ဘင်းန်ဟာ မေ ၂၆ ရက်က ဟူစတန်ပြည်နယ်မှာ သေဆုံးခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ သူဟာ အမေရိကန် ရေတပ် လေယာဉ်မှူးလည်းဖြစ်ပြီး အပိုလို ၁၂ စစ်ဆင်ရေးအတွက် အာကာသယာဉ်မှူး အဖြစ်ကနေ အနားယူအပြီးမှာ အချိန်ပြည့် ပန်းချီဆရာ လုပ်ခဲ့သူပါ။ ဘင်းန်ဟာ အသက် ၈၆ နှစ်အရွယ်မှာ ဟူစတန် မက်သဒစ် ဆေးရုံမှာ သေဆုံးတယ်လို့ မိသားစုကို ကိုးကားပြီး အမျိုးသား လေကြောင်းနဲ့ အာကာသ စီမံအုပ်ချုပ်ရေးရုံး နာဆာက ကြေညာချက်ထုတ်ပြန်ပါတယ်။ သူဟာ အင်ဒီယားနား ပြည်နယ် ဖို့တ်ဝိန်းမြို့ကို အလည်သွားအပြီး လွန်ခဲ့တဲ့ သီတင်းပတ် ၂ ပတ်မှာ နာမကျန်း ဖြစ်ခဲ့တာပါ။ ကွယ်လွန်ချိန်မှာ အရင်အိမ်ထောင်နဲ့ ကလေး ၂ ယောက်၊ လက်ရှိဇနီးသည်တို့ ကျန်ရစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up