"ရုပ်ရှင်ဟာ မသေမရှင်" ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ ကျင်းပ
DVB
·
May 27, 2018
3-ACT ရုပ်ရှင်မဂ္ဂဇင်းအတွဲ ၁ ကိုမိတ်ဆက်တဲ့အနေနဲ့ "ရုပ်ရှင်ဟာ မသေမရှင်" ခေါင်းစဉ်နဲ့ လက်ရှိမြန်မာ့ရုပ်ရှင်လောကအခြေအနေဆွေးနွေးပွဲကို မေလ ၂၇ ရက်နေ့က ရန်ကုန်မြို့ ဝန်ကြီးများရုံးက ပဉ္စရသအနုပညာပြခန်းမှာကျင်းပခဲ့ပါတယ်။
စကားဝိုင်းကို ရုပ်ရှင်အရေးလှုပ်ရှားသူတွေနဲ့ ရုပ်ရှင်ဖန်တီးသူတွေဖြစ်ကြတဲ့ မြတ်နိုး၊ ဟန်ဆန်း၊ သိဒ္ဓိ၊ တင်ထက်ပိုင်၊ ထူးပိုင်ဇော်ဦး၊ သူသူရှိန်၊ ခင်စန္ဒာမြင့်နှင့် အောင်ဖြိုး တို့က ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။
3-Act အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ရုပ်ရှင်ဆိုင်ရာ ပညာရပ်၊ အကိုးအကားနဲ့ အစီအစဉ်တွေကို မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။
3-ACT ရုပ်ရှင်မဂ္ဂဇင်းကို တနှစ်ကို ၃ အုပ်နှုန်းနဲ့ မြန်မာ အင်္ဂလိပ်နှစ်ဘာသာဖြင့် ထုတ်ဝေသွားမယ်လို့ 3-Act အဖွဲ့ကပြောပါတယ်။