ကင်ဆာဝေဒနာရှင် ကလေးငယ်များကိုကူညီရန် ရန်ပုံငွေဈေးရောင်းပွဲတော် ကျင်းပမည်
သူဇာလင်း
·
May 23, 2018

ကင်ဆာရောဂါဝေဒနာခံစားနေရတဲ့ ကလေးငယ်တွေကို ကူညီထောက်ပံ့ဖို့အတွက် ရန်ပုံငွေရှာတဲ့ ဈေးရောင်းပွဲတော်ကို မေ ၃၀ ရက်ကနေ ဇွန် ၃ ရက်အထိ ရန်ကုန်မှာ၅ ရက်ကြာ ပြုလုပ်သွားဖို့ရှိနေပါတယ်။
အဲဒီဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ကျင်းပမှာဖြစ်ပြီး အများပြည်သူ လာရောက်လှူဒါန်းထားတဲ့ သုံးလို့ရပြီး အသုံးမပြုတော့တဲ့ လူသုံးကုန်ပစ္စည်းတွေကို ပစ္စည်းတန်ဖိုးရဲ့ ၇၅ ရာခိုင်နှုန်းဈေးနှုန်းလျှော့ချပြီး ရောင်းချသွားမှာပါ။
ရောင်းချလို့ရတဲ့ ငွေကြေးတွေကို ကင်ဆာရောဂါခံစားနေရတဲ့ ကလေးငယ်တွေအတွက် ဆေးကုသတဲ့အပိုင်းမှာ လိုအပ်တဲ့ စက်ပစ္စည်းတွေကို ဝယ်ယူပြီး ပြန်လှူဒါန်းမှာဖြစ်တယ်လို့ ဈေးရောင်းပွဲတော်ကို စီစဉ်တဲ့ ချစ်သောမြန်မာအဖွဲ့က ဒီကနေ့ သတင်းစာရှင်းလင်း ပြောပါတယ်။
ရန်ကုန်ကလေးဆေးရုံကြီးမှာ ကင်ဆာရောဂါဝေနာခံစားနေရတဲ့ ကလေးအယောက် ၁၀၀ နီးပါးရှိနေတယ်လို့ သိရပါတယ်။