Home
မြန်မာသတင်း
မြန်မာနိုင်ငံတောင်ပိုင်းတွင် အနောက်တောင်မုတ်သုန်လေ ၀င်ရောက်နိုင်
DVB
·
May 15, 2018
32546943_1012524462235965_4497428618359603200_n
  အနောက်တောင်မုတ်သုန်လေဟာ မေလ ၁၆ ရက်ကနေ ၂၀ ရက်အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေကနေ စတင်ဝင်ရောက်နိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ဒုညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုချိုရှိန်က ပြောပါတယ်။ လတ်တလောမှာ ရန်ကုန်နဲ့ တနင်္သာရီအပါအ၀င် ဒေသတချို့မှာ အပူချိန် မြင့်တက်နေ တယ်လို့လည်း ပြောပါတယ်။ “မြန်မာနိုင်ငံတောင်ပိုင်းကို ၁၆ ကနေ ၂၀ အတွင်းလို့ ကျမတို့ ခန့်မှန်းထားတယ်။ တောင်ပိုင်းပြီးမှ မြစ်ဝကျွန်းပေါ် တပြည်လုံးအထိပေါ့။ လောလောဆယ် မိုးနည်းတယ်။ မိုးနည်းပြီးတော့ ထစ်ချုန်းတဲ့အခြေအနေဖြစ်တယ်။ နောက် အပူချိန်ကလည်း မြင့်တက်လာ တယ်။ မြန်မာနိုင်ငံတောင်ပိုင်းဘက် ရန်ကုန်တိုင်းဒေသကြီး နောက် အပူချိန်မြင့်တက်တာ ကရင် မွန် အပူချိန်က ၂ဒီဂရီစင်တီဂရိတ်ကနေ ၃ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်လာတယ်။” မုတ်သုန်လေဟာ မြန်မာနိုင်ငံကို ဇွန်လဆန်းအထိ ဆက်လက်ဝင်ရောက်နေမှာ ဖြစ်တယ်လို့ ခန့်မှန်းကြောင်းလည်း ပြောပါတယ်။ ၁၉၈၁ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ နှစ် ၃၀အတွင်း မြန်မာနိုင်ငံကို  မုတ်သုန်လေ ၀င်ရောက်မှုအနေအထားအရ မေ ၁၈ ရက်မှာ မြန်မာနိုင်ငံကို မုတ်သုန်လေ ၀င်ရောက်လေ့ ရှိပါတယ်။ ဒီအတောအတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းဖြစ်လာရင် မုတ်သုန်လေ အားကောင်းလေ့ရှိပြီး  မုန်တိုင်းမဖြစ်ရင်တော့ မုတ်သုန်လေ အားနည်းလေ့ ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024